(ဃ)-တကောင်း၊ ပုဂံ၊ အင်းဝ၊ မိုင်းမောနှင့် မြောက်ဦး အစရှိသောအရေးကြီးသည့် ရှေးဟောင်းဒေသများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-17
မြန်မာနိုင်ငံမှာ ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်း၊ တောင်တွင်းကြီးမြို့အနီးရှိ ဗိဿနိုးပျူမြို့ ဟောင်း၊ ရွှေဘိုမြို့အနီးရှိ စလင်းပျူမြို့ဟောင်း စသည့်မြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်းများတွင် ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် မည်ကဲ့သို့အဆင့်ဆင့် ဆောင်ရွက်ခဲ့ရကြောင်းနှင့် ထပ်မံ၍ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်များအဖြစ် မန္တလေးတိုင်းဒေသကြီးအနီးရှိ သပိတ်ကျင်းမြို့နယ်မှ တကောင်း၊ ပုဂံ၊ အင်းဝ၊ မိုင်းမော၊ ပျူမြို့ဟောင်း ရခိုင်ပြည်နယ်ရှိ မြောက်ဦး အစရှိသည့် အရေးကြီးသည့် ရှေးဟောင်းဒေသများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။