(က)-အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြ ဋ္ဌာန်းပြီးနောက် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားမှုနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်ဖွဲ့စည်းပြီးနောက်ပေါ်လွင်ထင်ရှားသောတိုင်ကြား မှုအရေအတွက်မည်မျှရှိသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံ၏ အဂတိလိုက်စားမှုအခြေအနေကို နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က အစီရင်ခံသည့်အခါ ၁၇၇ နိုင်ငံတွင် ၁၅၇ အဆင့်တွင် ရှိသည့်အကြောင်းကို ၇-၈-၂၀၁၄ ရက်နေ့က Eleven သတင်းစာတွင် ဖော်ပြခဲ့ပါကြောင်း၊ ယခင်အခြေအနေထက် တစ်စုံတစ်ရာ တိုးတက်လာသော်လည်း အဂတိလိုက်စားမှုသည် အဂတိလိုက်စားမှုများသောတိုင်းပြည်သည် တရားကို မတရားလုပ်ပြီး မတရားတာကို တရားလုပ်သည့်အတွက် တိုင်းပြည်ပျက်စီးမည်ဆို၍ ထောက်ပြလမ်းညွှန်ခဲ့သည့် အထောက်အထားများ ရှိပါကြောင်း၊ နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုကြီးထွားလာသည့်အတွက် သယံဇာတကြွယ်ဝသော မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးရေးအနိမ့်ကျဆုံးနှင့် အဆင်းရဲဆုံးပြည်သူများ ယနေ့အထိ ယင်းအကျိုးဆက်ကို ခံနေကြရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ထူထောင်မည်ဟု မူဝါဒချတာကို လွှတ်တော်တက်ကတည်းက မိမိတို့ ထောက်ခံခဲ့ပါကြောင်း၊ ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ မှန်ကန်သောဦးဆောင်မှုအောက်မှ ပြည်သူ့လွှတ်တော်တွင် အဂတိတားမြစ်ရေးကော်မရှင်ဖွဲ့စည်းရန် အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကြမ်းများ တင်သွင်းနိုင်သော အခွင့်အလမ်းရခဲ့ပါကြောင်း၊ ၇-၈-၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ပါဝင်သော အဖွဲ့ဝင်စာရင်းကို နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသော အခြေအနေတွေအပေါ်မှာမူတည်ပြီး (က) ၇-၈-၂၀၁၃ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းပြီးနောက် ယနေ့အထိ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ တိုင်ကြားမှုပေါင်း အရေအတွက် မည်မျှရှိပါသနည်း။ (ခ) ၂၅-၂-၂၀၁၄ ရက်နေ့တွင် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင်၊ ယခု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းပြီးနောက် တိုင်ကြားစာများနှင့် ပေါ်လွင်ထင်ရှားသော အမှုအရေအတွက် မည်မျှရှိပါသနည်း။ (ဂ) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာမှုကြောင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားပါသနည်း။ (ဃ) အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခွင့်အာဏာအလွဲသုံးစားမှုများအပေါ် နိုင်ငံသားများ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူများကို မည်ကဲ့သို့ ကာကွယ်ပေးထားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။