(ဂ)-တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌မီးသတ်ယာဉ် များကိုမည်ကဲ့သို့စီစဉ်ထားရှိသည်နှင့်ရေးမြို့နယ်တွင် မီးသတ်ယာဉ်မည်မျှရှိသည်ကိုသိလိုခြင်း၊လူဦးရေ ထူထပ်၍ မီးသတ်ယာဉ် မရှိသော ကျေးရွာများသို့ မီးသတ်ယာဉ်ထားရှိရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် ဥတုသုံးပါးရှိတဲ့အနက် အပူပြင်းဆုံးနွေရာသီတွင် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကို မကြာခဏစိုးရိမ်ထိတ်လန့်နေရပါသဖြင့် မီးသတ်ဌာနအနေနှင့် နွေရာသီရောက်လျှင် မီးဘေးအန္တရာယ်ကိုကာကွယ်ရန် မည်ကဲ့သို့အစီအမံများ ဆောင်ရွက်ထားရှိသည်ကို သိလိုပါကြောင်း၊ မွန်ပြည်နယ် ရော်ဘာစိုက်ခင်းအများဆုံး စိုက်ပျိုးထားသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ ရော်ဘာပင် လောင်စာကျွမ်းမှုကို အားပေးသောလောင်စာ ပင်တစ်မျိုးလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရေးမြို့နယ်သည် နှစ်စဉ်နှစ်တိုင်း ရော်ဘာခြံများစတင်ပြီး မီးလောင်ကျွမ်းမှုအများဆုံး နှင့် မီးပေါ့ဆခြင်းကြောင့်ဖြစ်စေ၊ မတော်တဆမီးကြောင့်ဖြစ်စေ လောင်ကျွမ်းမှုဖြစ်လျှင် မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ကား အလုံအလောက်မရှိသည်ကိုလည်း မိမိအနေဖြင့် လေ့လာသိရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် စုစုပေါင်း မီးသတ်ယာဉ်မည်မျှရှိပါသနည်း၊ ၎င်း မီးသတ်ယာဉ်များထားရှိမှုကို တိုင်းနှင့်ပြည်နယ်များတွင် မည်ကဲ့သို့ စီစဉ်ထားပါသနည်း၊ ရေးမြို့နယ်ရှိ မြို့နယ်ခွဲနှစ်ခုနှင့် ဖွဲ့စည်းထားသော မြို့နယ်သုံးမြို့နယ်အတွင်း မီးသတ်ယာဉ်မည်မျှရှိကြောင်းနှင့် လူဦးရေထူထပ်၍ မီးသတ်ယာဉ်မရှိသော ကျေးရွာများကို မီးသတ်ယာဉ် ထားရှိရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။