(င)-နိုင်ငံပိုင်The New light of Myanmar သတင်းစဉ် တွင် ပြည်သူ့လွှတ်တော်အား Lower House၊ အမျိုးသားလွှတ်တော်ကို Upper House ဟု ရေး သားနေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
လွန်ခဲ့သော နှစ်လခန့်က နိုင်ငံပိုင် The New Light of Myanmar သတင်းစာတွင် ပြည်သူ့လွှတ်တော်ကို Lower House၊ အမျိုးသားလွှတ်တော်ကို Upper House ဟူ၍ ရေးသားထားသည်ကိုလည်းကောင်း သို့သော် ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော် ဟူ၍ လည်းကောင်း ရေးသားထား ပြန်သည်ကို တွေ့ရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားဝင် အင်္ဂလိပ်လို ဘာသာပြန်ဆိုမှုသည် ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကို အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်ကိုလည်း ပြည်ထောင်စုလွှတ်တော်ဟူ၍ အင်္ဂလိပ်စာဖြင့် ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ၏ အင်္ဂလိပ် Version တွင် ပြည်သူ့လွှတ်တော်ကို Chamber Of Deputies၊ လူမျိုးစုလွှတ်တော်ကို Chamber Of Nationalities ဟု ရေးသားထားသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း မိမိတို့နိုင်ငံ၏ ဘာသာစကားမျိုးကို လေးစားသောအားဖြင့် Lok Saba, Reijh Saba ဟုလည်းကောင်း ရေးသားထားသည်ကိုတွေ့ရှိရခြင်းကြောင့် နိုင်ငံတော်ပိုင်သတင်းစာသည် ပြည်သူ့ လွှတ်တော်ကို Lower House၊ အမျိုးသားလွှတ်တော်ကို Upper House လို့ရေးရခြင်းသည့် မည်သည့်ရေးထုံးများကို မှီပြီး ရေးသားခြင်းဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။