(က)-အလုပ်သမားနှင့်အလုပ်ရှင်အငြင်းပွားမှုဖြေရှင်း ရာတွင်အလုပ်သမားများ၏လျော်ကြေး ငွေမှာ နည်းပါးနေပါသဖြင့် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
အလုပ်သမားနှင့် အလုပ်ရှင် အငြင်းပွားမှုဖြေရှင်းရာတွင် အလုပ်သမားတစ်ဦး အလုပ်ခွင်တွင် ထိခိုက်သေဆုံးလျှင် တွက်ချက်ပုံ နည်းစနစ်များဖြင့် တွက်ချက်ပြီး ကျပ် ၁၅၀၀၀၀ ထက်မနည်း ကျပ် ၄၅၀၀၀၀ ထက် မပိုစေရဟုလည်းကောင်း၊ အလုပ်သမားတစ်ဦး အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရရှိပြီး ပြတ်ရှကွဲခြင်း၊ မသန်မစွမ်းဖြစ်ခြင်းများ ဖြစ်ပေါ်စေလျှင် ကျပ် ၂၀၀၀၀၀ ထက်မနည်း ကျပ် ၆၀၀၀၀၀ သိန်းထက် မပိုစေဟုလည်းကောင်း အဓိပ္ပာယ်သက်ရောက်စေသော အလုပ်သမားဝန်ကြီးဌာန၏ ၂၀၀၅ ခုနှစ်က အမိန့်ညွှန်ကြားချက်သည် ယခုခေတ်နစ်နာသူအလုပ်သမားများအတွက် လျော်ကြေးငွေနည်းပါးနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါအမိန့်ညွှန်ကြားချက်သည် အလုပ်သမားတစ်ဦး၏ ကြေးငွေတစ်လ လုပ်ခလစာ မည်မျှတွက်ချက်ထားသည်ကို သိရှိလိုပါကြောင်း၊ လက်ရှိခေတ်စနစ်ဖြင့် လျော်ညီမှုရှိ/မရှိ၊ ခေတ်စနစ်ဖြင့် လျော်ညီမှုမရှိခဲ့ပါလျှင် သက်ဆိုင်ရာဝန်ကြီးဌာနက ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။