(ဂ)- ရန်ကုန်မြို့တွင် Day Care Centre များ ထပ်မံဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း
2020-12-17
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တွင် သက်ကြီးရွယ်အိုများအတွက် အထောက်အပံ့ဖြစ်စေရန် Day Care Centre များ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ၎င်း Centre များသည် အောင်မြင်မှုများစွာ ရရှိနေတာကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ Day Care Centre များကို ရန်ကုန်မြို့တွင်ရှိသော အခြားခရိုင် ၃ ခရိုင်တွင် ထပ်မံဖွင့်လှစ်ရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဖွင့်လှစ်နိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။