(စ)-အများပြည်သူများ သိသင့်သောဥပဒေများ ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးရန်အစီ အစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးမြင့်စိုး (ပျော်ဘွယ်)မိမိအနေဖြင့် ယခုမေးခွန်းမေးမြန်းရခြင်းမှာ ပြည်သူများဥပဒေကို မသိ၍ ကျူးလွန်ပါသည်ဟု မဖြစ်စေရန် လည်းကောင်း၊ ပြည်သူများ ဥပဒေကို ဖတ်ရှုသိရှိနားလည်ပါမှ တရားဥပဒေကို ပိုမို လေးစားလိုက်နာမှု အားကောင်းလာမယ်လို့ ယူဆ၍လည်းကောင်း၊ တရားဥပဒေကို ပိုမိုလေးစား လိုက်နာပြီး တရားဥပဒေ စိုးမိုးရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန် လည်းကောင်း ရည်ရွယ်ပြီးအများပြည်သူများနှင့် ထိစပ်မှုအများဆုံးသောဥပဒေ၊ နည်းဥပဒေ၊ တည်ဆဲဥပဒေများကို နိုင်ငံပိုင်သတင်းစာများမှာ ဖော်ပြပေးရန်မေးမြန်း ရခြင်း ဖြစ်ပါကြောင်း၊

ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ချောမောစွာ သွားလာနိုင်ရေး အတွက် တရားဥပဒေ စိုးမိုးမှုရှိရန်နှင့်  တရားဥပဒေစိုးမိုးမှုရှိရန် ပြည်သူများ ဥပဒေကို အလွယ် တကူ သိရှိဖတ်ရှု လေ့လာနိုင်ရန် လိုအပ်ပါကြောင်း၊ လူတိုင်းသိရှိလေ့လာနိုင်ရန် လက်ရှိပြဋ္ဌာန်းဥပဒေများအနက်မှ အများပြည်သူ သိသင့်သိထိုက်သော ဥပဒေများကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးပါက ပြည်သူလူထုမှ ထိုသတင်းစာပါ ဥပဒေများကို အလွယ်တကူ သိမ်းဆည်းဖတ်ရှုလေ့လာနိုင်ရန် တရားဥပဒေ စိုးမိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ် ပေးရန် အစီအစဉ်ရှိ/မရှိ ရိုသေလေးစားစွာ မေးမြန်းပါသည်။