(ဂ)-ခန္တီးခရိုင်နှင့် ခန္တီးမြို့နယ် ရဲတပ်ဖွဲ့တို့တွင် လို အပ်သောအဆောက်အအုံများဆောက်လုပ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ခန္တီး မြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲစခန်းများကို အသီးသီး ဖွင့်လှစ်ထားရှိ ပါကြောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါစာအမှတ် ၁၆၃၀(၁၄)/၉၀၇/ ၁၀၃၂ လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၄ခုနှစ်၊ မတ်လ ၂ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၀၀၂(၀၂)/၉၀၇၊ ၁၀၀၃ ဖြင့်လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့ရုံးတစ်လုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတစ်လုံး၊ မြို့နယ်စခန်းရုံးနှင့် အချုပ်ခန်း တွဲလျက်အဆောက်အဦးတစ်လုံး၊ လုံးချင်းနေအိမ်နှစ်လုံး၊ နှစ်ခန်းတွဲ အိမ်ရာ နှစ်လုံးနှင့် လေးခန်းတွဲအိမ်ရာတစ်လုံး၊ ခြောက်ခန်းတွဲအိမ်ရာတစ်လုံး ဦးစားပေးဆောက် လုပ်ရန် လိုအပ်ကြောင်း တင်ပြထားသည်ကို တွေ့ရရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါလိုအပ်လျက်ရှိသော အဆောက်အဦများကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။