(စ)-တမူးမြို့နယ်၊ပန်းသာကျေးရွာနှင့်ဘုက္ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများအတွက်မြေနေရာများရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းတွင် ယခင်အချိန်က တောင်သူလယ်သမားများထံမှ စပါးဝယ်ယူနိုင်ရန် စပါးဒိုင်များ ဖွင့်လှစ်ခဲ့ပါကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ ယင်းတို့သည် ကုန်သွယ် လယ်ယာဒိုင်ကွင်းပိုင်များ ဖြစ်လာခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခြင်းလည်းမရှိတော့သည့်အတွက် အဆိုပါကွင်းများကိုကျေးရွာများမှ အသုံးပြုခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကွင်းများကို ပုဂ္ဂလိကများထံသို့ ရောင်းချပေးရန် အစီအစဉ် မရှိသော်လည်းသက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတစ်ခုခုမှတောင်းဆိုလာမည်ဆိုပါက ဝန်ကြီး ဌာနအချင်းချင်း သဘောတူညီချက်ကို လက်ခံပြီး လွှဲပြောင်းပေးနိုင်ကြောင်းကိုသိရှိခဲ့ရပါကြောင်း။
ထို့ကြောင့် တမူးခရိုင် အတွင်း တမူးမြို့နယ်ရှိ ပန်းသာကျေးရွာ အဝယ်ဒိုင်ကွင်းနှင့် ခမ်းပါတ်မြို့နယ်ခွဲ၏ ဘုက္ကန် အဝယ်ဒိုင်ကွင်းတို့ကို ဒေသခံပြည်သူများက ၎င်းတို့၏ ကျေးရွာအများပိုင်အသုံးပြုနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမြေနေရာများ အဖြစ်အသုံးပြုလိုသည်ကို တင်ပြခဲ့ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဖော်ပြပါ တမူးမြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု၊ ပန်းသာ အုပ်ချုပ်ရေးမှူး မြေနေရာနှင့် ခမ်းပါတ်မြို့၊ အောက်တောင်းအုပ်စု၊ ဘုက္ကန်ကျေးရွာ အုပ်ချုပ် ရေးမှူးမြေနေရာများကို ရရှိ နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သို့ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။