(ခ)-ညောင်ဦးမြို့နယ်ရှိ ကျေးရွာများ ရေလုံလောက် စွာရရှိနိုင်ရန်ဆောင်ရွက်ပေးနိုင်ခြင်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ဦးအောင်ကြိုင် (ညောင်ဦး) ၁၉၆၄ ခုနှစ်ခန့်က သြစတွေးလျနိုင်ငံအကူအညီနှင့် ညောင်ဦးမြို့ နတ်သမီးကမ်းပါးမှ ဧရာဝတီမြစ်ရေကို တင်ပြီး ၁၇ မိုင်ခန့်ဝေးသော တောင်ဇင်း၊ မန်ကျည်းစောက်၊ ထနှောင်းစု၊ တောင်ရှစ်၊ ဖုန်းတော်၊ နတ်ပုလ္လင် အစရှိသည့် ရွာပေါင်း ၉၀ ကျော်တွင် ဧရာဝတီမြစ်ရေကို တုရွင်းတောင်ပေါ်သို့ နှိုးစက်များဖြင့်တွန်းတင်ပြီး ပိုက်ကြီးများဖြင့် အလိုအလျောက် Gravity Flow ဆင်းစေပြီး ရေပေးဝေခဲ့ပါကြောင်း၊ အခုအချိန်တွင် စက်များသည် နှစ်ပေါင်း ၅၀ ကြာမြင့်ပြီဖြစ်၍ လုံလုံလောက်လောက် ပေးဝေနိုင်ခြင်း မရှိတော့ပါကြောင်း၊ ရေတွင်းများပြုလုပ်ပါကလည်း ပေ ၆၀၀ မှ ပေ ၁၀၀၀ အတွင်း တူးရသည့်အတွက် တွင်းရေမှာ ဒီဇယ်ဆီနှင့်စုပ်၍ တင်နေရသောကြောင့် ကုန်ကျမှု များပြားပါကြောင်း၊ ဒီဇယ်ဆီနှင့် ရေစက်သုံးနေရသည့်အခြေအနေရှိပါကြောင်း၊ ထိုအရပ်ဒေသများမှ ရေတောင်းပါက ထန်းရေပေးကြပါကြောင်း၊ ပိုက်ကြီးများလည်း သွယ်တန်းပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဧရာဝတီမြစ်ရေကို ယခင်ကကဲ့သို့ ကျေးရွာများ ရေလုံလောက်စွာရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။