(ဂ)- ချီဖွေမြို့မှ ရှငေါချောင်းထိ ကားလမ်းပိုင်း ကိုကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးဇုံးတိန့် (ချီဖွေ)ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ-ဝိုင်းမော် ကားလမ်းကို ချီဖွေမြို့နယ်မှတစ်ဆင့် ဆော့လော်မြို့နယ်နှင့် နယ်စပ်မြို့နယ် တို့ကို ဆက်သွယ်သွားလာသော အဓိကလမ်းပိုင်းတစ်ခု ယခင်ဝိုင်းမော်မြို့မှ ချီဖွေမြို့နယ်သို့ နေ့ချင်းပြန်သွား လာနိုင်သောလမ်းလည်း ဖြစ်ပါသည်။ အစိုးရအဆက်ဆက်မှ ပြုပြင်မှုရှိသော်လည်း ပျက်စီးခြင်းနှင့် ပြုပြင်မှု မမျှတသောကြောင့် ပိုမိုပျက်စီးလာ၍ သွားလာရန်ခက်ခဲလျက်ရှိပါကြောင်း၊ ချီဖွေ-ဝိုင်းမော်ကားလမ်းကို ဝိုင်းမော်မြို့မှ ကျေးရွာအထိတံတားပြုပြင်ခြင်း၊ ကတ္တရာနှစ်မိုင်နှင့် ချိုင်‌့ခွက်များတွင် သဲကျောက်ဖြင့်ပြုပြင်ခြင်းဆောင် ရွက်ထားရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ရှငေါချောင်းမှ ချီဖွေလမ်းအပိုင်းကို ပြုပြင်ခြင်း မရှိဘဲတည်ရှိနေပါသည်။ ယခင် ချီဖွေမြို့မှ ၂၆ မိုင်ခန့်ကို ဒေသအဖွဲ့အစည်းမှ ခွဲကျောက်များဖြင့် ကျောက်စီခင်းခြင်းဖြင့် ကျောက်ချောလမ်း ခင်းထားသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်း ပြုပြင်ခြင်းပြုလုပ်၍ ယခုအခါ ထိုလမ်းများသည် လုံးဝပျက်စီးသလောက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ချီဖွေ-ဝိုင်းမော်ဆက်သွယ်သောကားလမ်းကို ရှငေါချောင်းမှချီဖွေမြို့အထိ လမ်းအပိုင်းကို ကျောက်ချောလမ်းအဖြစ် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။