(ခ)-မြန်မာနိုင်ငံတွင်သန့်ရှင်းသောအစိုးရစဉ်ဆက် မပြတ်ဖြစ်ပေါ်စေရန်Procurement-Lawရေးဆွဲပြ ဋ္ဌာန်းရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးတင်မောင်ဦး (ရွှေပြည်သာ) ဒီမိုကရေစီဖော်ဆောင်သောနိုင်ငံတိုင်းသည် အစိုးရအားကောင်းစေရန်နှင့် ပြည်သူများပါဝင်သော အသင်းအဖွဲ့များ အားကောင်းစေရန် ပြုလုပ်ပြီး အစိုးရနှင့် အသင်းအဖွဲ့များပေါင်းကာ Open Government Partnership (OGP) အဖွဲ့ဝင်နိုင်ငံဖြစ်စေရန် ကြိုးစားကြရပါကြောင်း၊ ထို့နောက် Clean Government ဖြစ်စေရန်အတွက် နိုင်ငံအသီးသီးက Procurement Law ကို ရေးဆွဲဆောင်ရွက်ကြပါကြောင်း၊ Law ထုတ်ပြန်ခြင်းဖြင့် နှစ်စဉ် လွှတ်တော်များကျင်းပနေသည့် ဘတ်ဂျက်များ၊ အစိုးရအနေဖြင့် ဝန်ကြီးဌာနအသီးသီးက ဝယ်ယူ သုံးစွဲနေသော ပစ္စည်းများကို အခက်အခဲမရှိဘဲ ထင်သာမြင်သာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်ရှိ ‌ဒီမိုကရေစီဖော်ဆောင်နေသည့်နိုင်ငံ ၈၀ ခန့်တွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ဘတ်ဂျက်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လိုအပ်သောစက်ကိရိယာများ၊ ပစ္စည်းများကို အခြားနိုင်ငံမှ ဝယ်ယူသည့်အခါ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု၊ ယှဉ်ပြိုင်မှု၊ ဈေးနှုန်းမျှတမှု၊ ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်စေလိုမှုတို့ကို ရည်ရွယ်ပြီး နိုင်ငံတကာအစိုးရကဏ္ဍများ၏ ပစ္စည်းဝယ်ယူရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပြဋ္ဌာန်းထားသည့်ဥပဒေများပါဝင်သော Procurement Law ကို ရေးဆွဲပြဋ္ဌာန်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖက်ဖက်မှ ပြောင်းလဲတိုးတက်လာချိန်တွင် သန့်ရှင်းသောအစိုးရ စဉ်ဆက်မပြတ် ဖြစ်ပေါ်စေရန်အတွက် များစွာအထောက်အကူပြုနိုင်သော Procurement Law ကို ရေးဆွဲထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ထုတ်ပြန်ရန် ဆောင်ရွက်နိုင်သော အခြေအနေရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။