(ခ)-လွှတ်တော်ကိုယ်စားလှယ်များ၊နိုင်ငံသူ၊နိုင်ငံသားများ ခရီးသွားရာတွင်အဆင်ပြေစေရန်လေကြောင်း ပို့ဆောင်ရေးကဏ္ဍအား မည်သို့ တိုးမြှင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးခမိုင်မုန်ကွမ် (ဆွမ်ပရာဘွမ်)လေကြောင်းပို့ဆောင်ရေး ကဏ္ဍများတွင် ပို့ဆောင်ရေး ကုမ္ပဏီများပြားသော်လည်း နေပြည်တော်လေဆိပ်တွင် လေယာဉ် ဆင်းသက်မှုများ နည်းပါးလျက်ရှိသည်နှင့်အညီ နေပြည်တော်သို့ သွားလာရာတွင် ခက်ခဲမှုများနှင့် ကြုံတွေ့လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီး များ၊ ခရီးသွားလာရာတွင် နေပြည်တော်တွင် လေယာဉ်ဆင်းသက်မှုနည်းပါးသဖြင့် မန္တလေးသို့ သွားရောက်၍ လေယာဉ်စီးရာတွင် ခက်ခဲမှုများ ကြုံတွေ့လျက်ရှိပါသောကြောင့်  ယခုကဲ့သို့ ခက်ခဲမှုများကို ပြေလည်စေရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အထူးအစီအစဉ်ချမှတ်၍ ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ဟုမ္မလင်း-ခန္တီး-မြစ်ကြီးနား-ဗန်းမော်-လားရှိုး-မန္တလေး-နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် နေ့စဉ် အဆင်းအတတ်လမ်းကြောင်းကို တစ်ရက်စီပြောင်းလဲသတ်မှတ်၍ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူများအတွက်၊ အလွယ်တကူ ခရီးသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြ တောင်းခံပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ တာဝန်ခံ၍ သီးသန့်ပြေးဆွဲ၍ဖြစ်စေ သို့မဟုတ် လေကြောင်းပို့ဆောင်ရေးကုမ္ပဏီများအနေဖြင့် အလှည့်ကျတာဝန်ယူတာဝန်ခံ ပို့ဆောင်သောစနစ်ဖြစ်စေ စီစဉ်ဆောင်ရွက်ပေးပါရန်  တင်ပြအပ်ပါကြောင်း၊ 

ထို့ပြင် မြို့နယ်တစ်မြို့နယ်ကို ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ချမှတ် ပေးသဖြင့် လွှတ်တော် တက်နေစဉ်ဖြစ်သော်လည်း မိမိနှင့် အတူတကွ ရွေးချယ်သတ်မှတ်ခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးနှင့် မဲဆန္ဒရှင်ပြည်သူများကို သွားရောက်  တွေ့ဆုံအားပေးရာ အပြန်ခရီးစဉ်တွင် ရာသီဥတု ဆိုးရွားမိုးရွာပြင်းထန်သဖြင့် လူမှုရေးဝန်ကြီးနှင့်အတူ တစ်ပါတည်းပူတာအိုခရိုင်စိုက်ရာ ပူတာအိုမြို့သို့ သွားရောက်၍ သက်ဆိုင်ရာသို့ တင်ပြအကူ အညီတောင်းခံခဲ့သော်လည်း လေယာဉ်လက်မှတ်များမရရှိပါကြောင်း၊ ထို့ကြောင့် လေယာဉ် ခရီးစဉ်များတွင် IP ထိုင်ခုံကိုလည်း တစ်ခု(သို့မဟုတ်)နှစ်ခု ချန်လှပ်ထားခြင်း၊  အရေးပေါ် VIP မရှိမှသာလျှင် ထွက်ခွာရန် တစ်နာရီ၊ နှစ်နာရီအတွင်းမှသာ အများပြည်သူကို ရောင်းချပေးခြင်း နည်းလမ်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်သည့်အတွက် နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေစေရေး ကို မည်သို့မည်ပုံ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။