(ဃ)-မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြား ကုမ္ပဏီများမှ ဆက်သွယ်ရေးလုပ်ငန်းအတွက်လုပ်ကိုင်ဆောင်ရွက် ရာတွင် ပြဿ များနာပါ်လာပါက ဖြေရှင်းပေးရန် အ တွက် ကော်မတီ/ ကော်မရှင်များ ဖွဲ့စည်းထားရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေါ်မိမြင့်သန်း (ရေး)မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများဖြစ်သည့် တယ်လီနောနှင့်အော်ရီဒူး ဆက်သွယ်ရေးကိစ္စနှင့် ပတ်သက်၍ ဥပမာတစ်ခုကို ပြောပြရမည်ဆိုလျှင် အိမ်နီးနားချင်းနိုင်ငံတစ်ခုဖြစ်သည့် ဗဟုသုတနည်းပါးသော မိသားစုတစ်ခုတွင် မိခင်၏လက်ကိုင်ဖုန်းကို မိခင်မသိဘဲ အသက်ရှစ်နှစ်အရွယ်သားဖြစ်သူမှ အခကြေးငွေပေးဆောင်ရသော အင်တာနက်ဂိမ်းများကို ယူဆော့ကစားခဲ့ရာမှ ငွေကြေးပမာဏမြောက်မြားစွာ ပေးဆောင်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရပါကြောင်း၊ ၎င်းငွေကြေးကို မိခင်ဖြစ်သူ မတတ်နိုင်သော ငွေကြေးပမာဏ ဖြစ်သောကြောင့် ၎င်းကိစ္စကို သက်ဆိုင်ရာကော်မရှင်ထံ အကျိုးအကြောင်းကို အသနားခံစာတင်ပြ၍  ကော်မရှင်မှစုံစမ်းသည့်အခါ အဖြစ်မှန်ကိုသိရှိသွား၍ ပြည်သူဘက်မှ ရပ်တည်၍ ဖြေရှင်းခဲ့ရသည့် အဖြစ်တစ်ခုရှိခဲ့ပါကြောင်း၊

မိမိတို့မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးသည် ပြည်သူများအတွက် ရောင်းချပေးနေသော ၁၅၀၀ တန်ဆင်းကတ်များကို မြို့ကြီးများတွင် ရောင်းချပြီး မြို့နယ်များကို ရောင်းချပေးမှု မရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ရောင်းချသည့် ဆိုင်များကလည်း ၁၅၀၀ တန်ဆင်းကတ်များကို ဟန်းဆက်နှင့်တွဲဖက်ပြီး ရောင်းချနေသည်ကိုတွေ့ရှိရပြီး ၁၅၀၀ တန် ဖုန်းဆင်းကတ်ကို ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိ ရောင်းနေသည်ကိုလည်းတွေ့ ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများမှ ဆက်သွယ်ရေးလုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြဿနာများပေါ်ပေါက်လာပါက ဖြေရှင်းပေးရန် ကော်မတီ/ကော်မရှင်များ ဖွဲ့စည်းထားမှု အစီအစဉ်ရှိ/မရှိနှင့် ယခုလို ရောင်းဝယ်နေသော ဖုန်းဆိုင်များကို ဌာနအနေဖြင့် အရေးယူဆောင်ရွက်ထားမှု အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။