(က)-နိုင်ငံတော်အစိုးရအနေဖြင့် (UNCAT) ညှင်းပမ်း နှိပ်စက်ခြင်းကိုဆန့်ကျင်သည့်ကမ္ဘာ့ကုလ သမဂ္ဂအပြည်ပြည်ဆိုင်ရာပဋိညာဉ်စာတမ်းအား မည်သည့်အချိန်တွင်လေးစားလိုက်နာရန်လက် မှတ်ရေးထိုးမည့်အကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဒေါက်တာအောင်မိုးညို (ပွင့်ဖြူ)ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီး အပြည်ပြည် ဆိုင်ရာ မိသားစုအလယ်တွင်ထိုက်တန်သောနေရာတစ်ခုရရှိရန် ဒီမိုကရေစီနိုင်ငံရေး ကျင့်စဉ်နှင့်ဥပဒေစိုးမိုးရေးသည် မရှိမဖြစ်အရေးပါသောကြောင့် တရားဥပဒေစိုးမိုးရေး ကို လူ့အခွင့်အရေး နယ်ပယ်မှတစ်ဆင့် စတင်သင့်ကြောင်း၊ ဆဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေး မတ်လ ၁၉ ရက်နေ့တွင် UNCAT နှင့်စပ်လျဉ်းသောအဆိုကို တင်သွင်းခဲ့ပြီး နောက် ဒီမိုကရေစီအင်အားစုများ၊ ဥပဒေပညာရှင်များနှင့် ဘန်ကောက်မြို့အခြေစိုက် (UNCAT) ခေါ် လူ့အခွင့်အရေး မဟာကော်မရှင်ရုံးကြီး မှပြည်ထောင်စုအစိုးရ၏ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် စိတ်ပါဝင်စားမှုရှိကြောင်း၊ ထို့ကြောင့်  ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် (UNCAT)United Nations Convention Against Torture လူမဆန်စွာ၊ ရက်စက်ယုတ်မာစွာ၊ လူ့သိက္ခာကို ညှိုးနွမ်းကျဆင်းစေသော အရေးယူအပြစ်ပေးခြင်းကို ဆန့်ကျင်သည့် ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ ပဋိညာဉ်စာတမ်းအား မည်သည့်အချိန်တွင်လေးစားလိုက်နာ၍ လက်မှတ်ရေးထိုးမည်ကို သိရှိလိုပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင်တာဝန်ကျ ရဲတပ်သားသည် လက်ထပ်ခွင့်မတင်ခြင်းအတွက် လက်ပံတန်းမြို့နယ်ရဲစခန်းမှူး၏ ညှင်းပမ်းနှိပ်စက်ခြင်းခံရသော ကိစ္စနှင့်ပတ်သက်၍ လက်ထပ်ခွင့်မတင်သော ရဲတပ်သားတစ်ဦးကို အထက်အရာရှိ တစ်ဦးအနေဖြင့် ဥပဒေကြောင်းအရ နှိပ်စက်ညှင်းပမ်းပြီး အရေးယူ အပြစ်ပေးနိုင်ခြင်းရှိ/မရှိနှင့်ထိုကဲ့သို့အပြစ်ပေးခွင့်မရှိပါက ၎င်းအား မည်ကဲ့သို့အရေးယူ အပြစ်ပေးမည်ကို သိရှိလို ပါကြောင်း၊ တရားရုံးမှ အရေးယူအပြစ်ပေးသောပြစ်ဒဏ်မချမှတ်သေးပါက တစ်စုံတစ်ယောက်သည် ပြစ်မှု ကျူးလွန်သူ မဟုတ်ဟု သဘောထားရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်း၊ ပွင်ဖြူမြို့တွင် ရေစည်လှည်းတွန်း ၍ ရေရောင်းစားသူအား လုပ်ငန်းရှင်တစ်ယောက်၏ခိုးမှုသံသယဖြစ်မှုကြောင့် အရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်လိုက်ရာ အံသွားတွေကျွတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ အရာရှိနှင့်မကွေးတိုင်း၊ ပွင်ဖြူမြို့မှအရာရှိတို့သည် တစ်ဦးတစ်ယောက်တည်း ဟုတ်/မဟုတ်သိရှိလို ပါကြောင်း မေးမြန်းပါသည်။