(ခ)-ယခင်အစိုးရလက်ထက်တွင် သဘောတူထားခဲ့သည့် နားလည်မှုစာချွန်လွှာများ၊ နားလည်မှုသဘောတူစာချုပ်များနှင့် စီးပွားရေးစာချုပ်များကို ပြန်လည်သုံးသပ်အတည်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ယခင်အစိုးရလက်ထက်က မိမိတို့နိုင်ငံအနေဖြင့် ငွေကြေးမပြည့်စုံခြင်း၊ နည်းပညာ ချို့တဲ့ခြင်း၊ အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားခဲ့ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြ ဋ္ဌာန်းနိုင်မှု မရှိခဲ့ခြင်း၊ ခေတ်မီသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများစသည့် အရေးကြီးဥပဒေများ ပြဋ္ဌာန်းနိုင်မှု မရှိခဲ့ဘဲ ထို အချိန်က သဘောတူခဲ့သော နားလည်မှု စာချွန်လွှာများ၊ သဘောတူညီချက်များ၊ စီး ပွားရေး စာချုပ်များသည်လည်း ယခုလက်ရှိ အခြေအနေနှင့် လိုက်လျော ညီထွေတော့မည်မဟုတ်သည့်အတွက် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားရှိပြီးသော အခြေခံမူများ၊ သတ်မှတ်ချက်များ၊ ဥပဒေပုဒ်မများနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေအသီးသီးနှင့် ကိုက်ညီမှုရှိ/မရှိကို ပြန်လည် စိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၉)အဖြစ်ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကိုလည်း ဆက်လက်ပြဋ္ဌာန်းသွားရန်ရှိသည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေပါ ပြဋ္ဌာန်းချက်များ လုပ်ငန်းစဉ်များအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ် ပါကြောင်း၊ ပြဋ္ဌာန်းပြီးသော ဥပဒေများနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်ကျင့်သုံးခြင်းသည် တရား ဥပဒေစိုးမိုးရေးကို အလေးအနက် ထားလိုက်နာကျင့်သုံးခြင်းဖြစ်ပါကြောင်း၊ ဥပမာ- ယခင်အစိုးရလက်ထက် တွင် မြန်မာနိုင်ငံ ကမ်းလွန်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတို့မှ ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချလျက်ရှိသော်လည်း ယခုအခါ ပြည်တွင်းတွင် သဘာဝ ဓာတ်ငွေ့မလုံလောက်သော အခြေအနေများဖြစ်ပေါ်လျက်ရှိပါသောကြောင့် သဘာဝဓာတ်ငွေ့ ပိုမိုသုံးစွဲနိုင်ရေးအတွက် ပြန်လည် ညှိနှိုင်းဆွေးနွေးရန်လိုအပ်လျက်ရှိသကဲ့သို့ အခြားသော ဝန်ကြီးဌာနများ၏ စီမံကိန်းကြီးများ၏ ယခင်သဘောတူ ညီချက်များကိုလည်း ခေတ်စနစ်နှင့်အညီ ပြန်လည် ညှိနှိုင်းရန် လိုအပ်ချက်များရှိနေပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသောခေတ်စနစ်များနှင့် လိုက်လျောညီထွေမှု ရှိစေရန်နှင့် ပြဋ္ဌာန်းပြီး ဥပဒေများနှင့် ကိုက်ညီပြီး တရားဥပဒေစိုးမိုးရေးကို လိုက်နာကျင့်သုံးစေရန် ယခင်အစိုးရ လက်ထက် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသဘောတူထားသည့် နားလည်မှု စာချွန်လွှာများ၊ နားလည်မှုသဘောတူစာချုပ်များ၊ နားလည်မှုစီးပွားရေးစာချုပ်များကို ပြည်သူများ၏ အကျိုးစီးပွား ပိုမိုဖြစ် ထွန်းစေရေးအတွက် လက်ရှိကျင့် သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း အတည်ပြုပြီးသော ဥပဒေများနှင့်အညီ ပြန်လည်ညှိနှိုင်းစိစစ်သုံးသပ်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။