(င)-ဝိုင်းမော်မြို့နယ်ရှိကျေးရွာအုပ်စု၁၃ရွာတွင်လျှပ်စစ်မီး လင်းရေးကိုပြည်ထောင်စုအစိုးရအဖွဲ့မှကူညီဆောင် ရွက်ပေးရန် နှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-17

ဦးယိန်းဘော့မ် (ဝိုင်းမော်) ဝိုင်းမော်မြို့နယ်၏ တစ်စိတ်တစ်ဒေသဖြစ်သော ဝိုင်းမော်နှင့် ချီဖွေမြို့နယ် ဆက်သွယ်ရေးလမ်းကြောင်း ကားလမ်းမပေါ်တွင် မဒိန်း၊ ဝူယန်၊ နန့်ဝါ၊ ဝါရှောင်၊ ဒိန်းဂျန်ယန်၊ နောင်စီပေါ၊ နွယ်မော်ယန်၊ မန်ဝိန်း၊ ဆိုင်လော်၊ ဖုန်တန်ကောင့်၊ မန်ဒေါင်း၊ ရှငေါ်နှင့် မဂရမ်းယန်စသော ကျေးရွာ ၁၃ ရွာတည်ရှိပြီး အိမ်ခြေပေါင်း ၃၂၀၄ အိမ်၊ လူဦးရေ ၂၁၀၀၀ ကျော်ရှိပါကြောင်း၊ ထို့အပြင် ကျေးရွာ ၁၃ ရွာတွင် အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၃ ကျောင်း၊ မူလွန် ၅ ကျောင်းနှင့် မူလတန်းကျောင်း အားလုံး ၁၈ ကျောင်းရှိသည့်နည်းတူ ဆေးခန်း ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၃ ခုစသည်ဖြင့် တည်ရှိကာ ဝန်ထမ်းများ လည်းရှိပါကြောင်း၊ ထို့ပြင် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အလုပ်လုပ်ကြသော လုပ်သားပြည်သူများ လည်း များပြားစွာရှိသောကြောင့် အဆိုပါ ကျေးရွာ ၁၃ ရွာ၏ ရွာထိပ်များ၊ ရွာ၏ ပတ်ဝန်းကျင်များနှင့် ကားလမ်း တစ်လျောက်တွင် ခိုင်မာတောင့် တင်းသော လျှပ်စစ်မီးတိုင်များ၊ မီးကြိုးများ သွယ်တန်းထားခြင်း ကို ပြည်သူများ က မျှော်လင့်လျက်ရှိကြပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကျေးရွာများအတွက် နိုင်ငံတော် အစိုးရအနေနှင့် လျှပ်စစ် မီးလင်း နိုင်ရေးကို တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိနှင့် ရှိပါက မည်သည့်အချိန်မှ စတင်၍  အကောင် အထည်ဖော် ဆောင်ရွက်ပေးမည်၊ အကောင်အထည် မဖော်နိုင်ပါက မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။