(စ)-ရွာ ငံ မြို့ နယ် တွင် ရွှေ သံ လွင် စိုက် ပျိုးရေး ကုမ္ပဏီနှင့် တောင်သူ လယ်သမားများ အကြား မပြေမလည် ဖြစ်နေမှု များကို ဖြေရှင်းဆောင် ရွက်ပေး ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးအောင်သိန်း (ရွာငံ) ရွာငံ မြို့နယ်တွင် ရွှေသံလွင်စိုက်ပျိုးရေးကုမ္ပဏီမှ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းများဖော်ထုတ်ရေးစီမံချက်ကို အကြောင်းပြုပြီး တောင်သူ လယ်သမား များလုပ်ကိုင် စားသောက်နေသော တောက်ယာမြေများအား မည်သည့်လျော်ကြေး မှ ပေးဆောင်ခြင်းမရှိဘဲ သိမ်းယူခဲ့မှုများရှိခဲ့သည့် အတွက် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်ထံ တိုင်ကြားခဲ့ရာ ကော်မရှင်အဖွဲ့ခွဲမှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွင်းဆင်စိစစ်ချက်များ အပေါ်မူတည်၍ နှစ်ရှည်သီးနှံမစိုက်ပျိုးရသေးသော သိမ်းယူထားသည့်မြေများ အား တောင်သူလယ်သမားများ ထံ ပြန်လည်ပေးအပ်စေပြီး နှစ်ရှည် သီးနှံ ပင်များကြားတွင်လည်းသီးစားခမယူဘဲရာသီသီးနှံစိုက် ပျိုးပေးစေကြောင်းနှင့် နှစ် ရှည်သီးနှံ စိုက်ပျိုးထားပြီး မြေများတွင်မူ ထိုက်သင့် သည့် လျော်ကြေးငွေပေးစေကြောင်း ကော်မရှင်အဖွဲ့ခွဲ၏ သဘောထားကို ကြား သိရပြီး ဖြစ်ပါကြောင်း၊ သို့ရာတွင် ကော်မရှင်မှ လာရောက်ကွင်းဆင်းသည့် အချိန်ထိ လုံးဝစိုက်ပျိုးခြင်းမရှိခဲ့သော မြေပေါ်တွင် ယခုနှစ် မိုးရာသီအမီ နှစ်ရှည်သီးနှံပင်များစိုက်ပျိုးရန်အတွက် ကျင်းတူးခြင်း၊ ရေတင်ခြင်းများကို စီစဉ် ဆောင်ရွက်လျက ရှိသည်ကို ကြားသိမြင်တွေ့နေရပြီး နှစ်ရှည်ပင်များ အကြား ရာသီသီးနှံစိုက်ပျိုးခြင်းကိုမူ ယခင်နှစ်များကကဲ့သို့ ခွင့်မပြုတော့ ကြောင်းကိုလည်း ကြားသိနေရပါကြောင်း၊ ထို့ကြောင့် တောင်လယ်သမားများသည် လျော်ကြေးငွေလည်းမရ၊ စိုက်ပျိုးခွင့် လည်း ဆုံးရှုံး၊ တာဝန်ရှိသူများ မှာလည်း ယခု အချိန်ထိ လာရောက်ဆောင်ရွက်ပေးခြင်း မရှိသေးသဖြင့် တောင်သူ လယ်သမားများတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါသောကြောင့် စိုက်ပျိုးရေးကုမ္ပဏီနှင့် တောင်သူ လယ်သမားများအကြား မပြေမလည်ဖြစ်နေမှုများကို နိုင်ငံတော်မှ မည်သို့မည်ပုံဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။