(ဆ)-တရားဝင်ခွင့်ပြုထားသည့် ပိုးသတ်ဆေး များကို အသက်အန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေး နှင့် စပ်လျဉ်း သည့်မေးခွန်း
မိမိမဲဆန္ဒနယ်မြေအတွင်းရှိ တောင်သူလယ်သမားများသည် ပိုးသတ်ဆေး ၏ ကောင်းကျိုး၊ ဆိုးကျိုးများ ကို ဆွေးနွေးရာတွင် ပိုးသတ်ဆေးသုံးစွဲပုံ နည်းစနစ်များကို ကျကျနနနားမလည်ခြင်း၊ ဗဟုသုတမရှိခြင်း၊ အသုံးပြုပုံ နည်းစနစ် ပညာပေး တရုတ်စာများ၊ မြန်မာစာများ မဖတ်တတ်ခြင်းတို့ကြောင့် ပိုးသတ်ဆေးများကို အတိုင်း အတာမဲ့၊ ပညာမဲ့၊ နည်းစနစ်မဲ့၊ နမော် နမဲ့များဖြစ်၍ အသုံးပြုနေကြောင်း သိရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် ပိုး သတ်ဆေးကြောင့် သေဆုံးမှု များစွာရှိသည် သာမက နိုင်ငံခြားတိုင်းပြည်များတွင် လည်း ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး သေဆုံးမှုများ မကြာမကြာ ဖတ်ကြား သိရှိခဲ့ရ ပါကြောင်း၊ ဤကဲ့သို့အဖြစ်မျိုး မိမိတို့နိုင်ငံတွင်လည်း မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရန် မိမိတို့ အားလုံးတွင် တာဝန် ရှိကြပါပြီး ပိုးသတ်ဆေးနှင့် ပတ်သက် ၍ ပြည်သူလူထုများ သိသင့်သည်များရှိပါကြောင်း၊ ပထမဦးဆုံးအနေဖြင့် ပိုးသတ်ဆေး ဆိုသည် သေနိုင်၍ သေဆေး တစ်မျိုး ဖြစ်ခြင်း၊ ဒုတိယအနေဖြင့် သုံးပြီး ပိုးသတ်ဆေးဘူး၊ ဆေးပုလင်း၊ ပုံး များကိုပြန်သုံးလျှင် အန္တရာယ်အင်မတန်မှ ကြီးခြင်း၊ ထို့အပြင် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံ စိုက်ခင်းများတွင် အသုံးပြုနေသော ပိုးသတ်ဆေးများကို မည်ကဲ့သို့ သုံးစွဲရမည်နည်းစသည့် နည်းပညာများ၊ စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်ပါကြောင်း။ထို့ကြောင့် (က) မြန်မာနိုင်ငံအတွင်း ပြည်သူများနှင့် တောင်သူ လယ်သမားများ သုံးစွဲနေသော တရားဝင် ခွင့်ပြုထားသည့် ပိုးသတ်ဆေးအမျိုးအစား မည်မျှရှိပါသနည်းနှင့် တရားမဝင် ပိုးသတ်ဆေးများကို ဥပဒေ တားမြစ်ဆောင်ရွက် ရန် အစီအစဉ်ရှိ/မရှိ။ (ခ) ပိုးသတ်ဆေးများကို အသက်အန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေးအတွက် သုံးစွဲနည်း၊ နည်းစနစ်များကို ပြည်သူလူထုသို့ ထိရောက်စွာ အသိပေးခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်မှုရှိ/မရှိ။ ပိုးသတ်ဆေး၏ သုံးစွဲသော နည်းစနစ်များကို နားမလည်သောကြောင့် သေဆုံးနေရသော တောင်သူ လယ်သမား များစွာ ရှိနေသည်ကို ပြည်ထောင်စု အစိုးရက သိရခြင်းရှိ/မရှိနှင့် ပိုးသတ်ဆေးကို အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရန် အတွက် ကြိုတင်ဆောင်ရွက်မှုများ မည်ကဲ့သို့ စီမံဆောင်ရွက်ထားပါသနည်း။ (ဂ) ပြည်နယ်ဒေသသို့ တင်ပို့ ရောင်းချသော ပိုးသတ်ဆေးများအား အန္တရာယ် ကင်းစွာ သုံးစွဲသော နည်းစနစ်၊ နည်းပညာပေးစာများ၊ မှတ်တမ်း စာစောင် များကို မြန်မာစာ (သို့) တိုင်းရင်းသား ကချင် စာပေ စသည်ဖြင့် ဖော်ပြ ထုတ်ဝေ ပညာပေးခြင်း ပြုလုပ်ရန် ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိသိလို ပါကြောင်းမေးမြန်း ပါသည်။