(စ)-လက်ထောက် ကျန်းမာရေးမှူးများကို မည်သည့်အဆင့်အထိ ရာထူးတိုးမြှင့်ပေးမည်၊ ရာထူးတက်လမ်း ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများခန့်ထားခြင်းနှင့်ပတ်သက်၍ လက်ထောက်ကျန်းမာရေးမှူး များကို မြို့နယ်ကျန်းမာရေးမှူးအဆင့်()(HA-1)အစား မြို့နယ်ကျန်းမာရေးမှူး(THA)အဖြစ် ရာထူး တိုးပေးရန်၊ မြို့နယ်ကျန်းမာရေးမှူး(THA)များကို မြို့နယ်အဆင့်တွင်ခန့်အပ်ရန်နှင့် လက်ထောက် ကျန်းမာရေးမှူးများကို မည်သည့်အဆင့်အထိ ရာထူးတိုးမြှင့်ပေးမည်၊ ရာထူးတက်လမ်းရှိသည် ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဦးစီးဌာန ခုရှိပြီး  မြန်မာနိုင်ငံလူဦး၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများကို အခြေခံကျန်းမာရေးစောင်ရှောက်မှုများ ပေးနေသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဖြစ်သည်ဟု သိရှိရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင် နေကြသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများသည် ပြည်သူလူထ၏ အခြေခံကျန်းမာရေး စောင့်ရှောက် မှုများ အတွက် တာဝန်ကျေပွန်အောင်ထမ်းဆောင်ကြသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တွင်  ၎င်းတို့ အတွက် ရာထူးတက်လမ်းအခွင့်အလမ်းများ အလွန်နည်းပါးသည်ဟု ကြားနေရပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးများသည် ဝန်ထမ်းစဖြစ်သည့်အချိန်မှစပြီး ပင်စင်ယူသည့် အထိ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း ရာထူးနှစ်ဆင့်သာ တိုးမြှင့်ခံစားခွင့်ရှိကြောင်း၊ ကျန်းမာရေး ကြီးကြပ်() ()များ သည် လက်ထောက်ကျန်းမာရေးမှူးဖြစ်ပြီးလျှင် ရာထူးနှစ်ဆင့်သာတိုးမြှင့် ခံစားခွင့်ရှိကြောင်း၊ အခွင့်အရေး နှစ်မျိုးရှိသည့် သားဖွားဆရာမများသည် လက်ထောက်ကျန်းမာရေးမှူး ရာထူးကိုယူပါက ကျန်းမာရေးမှူးမှ နောက်ထပ်ရာထူးနှစ်ဆင့်သာ တိုးမြှင့်ခံစားခွင့် ရှိနေပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး ရာထူးသည် ဒုဦးစီးရာထူးဖြစ်သော်လည်း တစ်ဆင့်တည်းပေးသည့် မြို့နယ်ကျန်းမာရေးမှူးအဆင့်() (HA-1) ရာထူး သည်  ကြားစကေးဖြစ်ပြီး ဦးစီးအရာရှိအဖြစ်တိုးမြှင့်ပေးခြင်းမရှိသည့်အတွက် နောက်ဆုံးအဆင့်အဖြစ် မြို့နယ်ကျန်းမာရေးမှူး (THA) ဦးစီးအရာရှိအဖြစ် ရာထူးတိုးပေးရာတွင်လည်း မြို့နယ်အဆင့် တွင် ခန့်အပ်ခြင်းမရှိဘဲ ခရိုင်နှင့်ပြည်နယ်/တိုင်းဒေသကြီးရုံးများတွင်သာ တာဝန်ချပေးသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း နေထိုင်ကြသည့် ကျေးလက်တောရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျေးလက်ကျန်းမာရေးဌာန ၁၇၇၈ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၉၈၃) ခုရှိပြီး ၎င်းကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် လက်ထောက်ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများဖြစ်သည့်  ကျန်းမာ ရေး အဆင့်မြှင်တင်ခြင်းလုပ်ငန်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ရောဂါကာကွယ်တားဆီးခြင်းလုပ်ငန်း၊ ရောဂါကုသခြင်းလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနက် ကျန်းမာရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများအတွက် ရှေ့တန်းတိုက်စစ်မှူးများဖြစ်ပါကြောင်း၊ ဆိုးရွားစွာဒုက္ခပေးခဲ့သည့် ကျောက်ရောဂါကို အမြစ်ပြတ်တိုက်ထုတ်ခြင်း၊  ကျေးလက်နေလူမှု ဘဝ တိုးတက်ရန် အတွက် ယင်လုံအိမ်သာစီမံချက်များ အကောင်အထည်ဖော်ပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်သေဆုံးမှုလျှော့ချရေး၊ ငါးနှစ် အောက်ကလေးများသေဆုံးမှု လျှော့ချရေးစီမံချက်များ ဆောင်ရွက် ပေးခြင်း ငှက်ဖျားရောဂါဝန်ထုပ်ဝန်ပိုးများလျှော့ချနိုင်ရေးအတွက် အကောင်အထည်ဖော်ပေးခြင်း၊ TV / HIV ရောဂါများဖြစ်ပေါ်သေဆုံးမှု လျှော့ချရေးစီမံချက်များ အကောင်အထည်ဖော်ခြင်း၊ ကျန်းမာရေး ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝေးလံ ခက်ခဲသော ဒေသများစွာသွားရောက်ပြီး တာဝန်ထမ်းဆောင်လျက် ဆေးကုသမှုစသည့် လုပ်ငန်းများတွင် ကျန်းမာရေးမှူးနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအားလုံးသည် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသည့် သမိုင်းမှတ်တမ်းများလည်း ရှိနေပါကြောင်း၊ ယခုအချိန်ထိနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခံထားရသည့် လက်ထောက်ကျန်းမာရေးမှူး ဦးသန့်ဇင်ဦး တို့လို ပြည်သူ့အပေါ် အလုပ်အကျွေးပြုနေသည့် မြန်မာနိုင်ငံတစ်ဝန်းတွင် တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များစွာရှိနေပါကြောင်း၊ WHO အဖွဲ့ဝင် ၁၉၁ နိုင်ငံရှိသည့်အထဲတွင် မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့် ရှောက်မှုအဆင့် ၁၉၀ အထိ ရှိနေပါကြောင်း၊ ၎င်းသည် ဝန်ထမ်းများ၏ အလုပ်အပေါ်စိတ်ဝင်စားမှုနှင့် ကြိုးစားအားထုတ်မှု၊ တာဝန်ကျေပွန်မှု၊ စီမံခန့်ခွဲမှုများနှင့် တိုက်ရိုက်ဆက်နွှယ်နိုင်ပါကြောင်း၊ ရာထူး တက်လမ်းမရှိခြင်း၊ မည်သည် Profession ဝန်ထမ်းများအတွက်မှ မရှိသည့် ကြားစကေးအဆင့်ရာထူးများ တိုးပေးခြင်း၊ နောက်တစ်ဆင့် ထပ်တိုးပါက မြို့နယ်အမည်တပ်ခံပြီး ခရိုင်ရုံးများ တွင်တာဝန်ထမ်းဆောင် နေခြင်းများသည် လက်ထောက်ကျန်းမာရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန် ကျေပွန်မှု၊ စိတ်ဝင်စားမှုများကို များစွာထိခိုက်စေသည်ဟု ကြားသိရပါကြောင်း၊  ထို့ကြောင့် မိမိသိလို သည်မှာ လက်ထောက် ကျန်းမာရေးမှူးများကို မြို့နယ်ကျန်းမာရေးမှူးအဆင့်()(HA-1) အစား မြို့နယ် ကျန်းမာရေးမှူး(THA) အဖြစ် တိုက်ရိုက်တိုးပေးရန် အစီအစဉ်ရှိ/မရှိ၊ မြို့နယ်ကျန်းမာရေးမှူး (THA) များကို မြို့နယ်အဆင့် တွသ်ခန့်အပ်ရန် အစီအစဉ်ရှိ/မရှိ နှင့် လက်ထောက် ကျန်းမာရေးမှူးများကို မည်သည့်အဆင့်ထိ ရာထူးတိုးပေးမည့်အစီအစဉ်များ ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။