(ခ)-မိုင်းပြင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေ ကြသောဝန်ထမ်းများအားရှားပါးစရိတ်၊လုပ်ခလစာ များတိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
မိုင်းပြင်းမြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း၌ တည်ရှိ ပြီး တောင်ကုန်းတောင်တန်း ထူထပ်များပြားသောမြို့ ငယ်ဖြစ် ကာ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့သို့ သွားရာ ပြည်ထောင်စုလမ်းမကြီးနှင့် မိုင်းပြင်း-မိုင်းဆတ်၊ မိုင်းပြင်း-မက်မန်းသို့သွားရာ နွေရာသီသုံးကားလမ်းများဖြင့် ဖြတ်သန်း အသုံးပြုကြရပါကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအနည်းငယ်၌သာ မြေပြန့် လွင်ပြင်များတည်ရှိပြီး ကျန်သောမြို့နယ်ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော် သည် တောင်ပေါ်ဒေသ ကားလမ်းမပေါက်သေးသော အရပ်များဖြစ်ကြ၍ ကုန်ပစ္စည်းများသယ်ယူရန်နှင့် သွားလာအသုံးပြုရန် အတွက် လား၊ မြင်း၊ ဆိုင်ကယ်များဖြင့် ထမ်းပိုးသယ်ယူရခြင်းကြောင့် ခက်ခဲပင်ပန်းစွာ သွားလာကြရ သည့်အပြင် ကုန်ပစ္စည်းကို ဈေးနှုန်းခေါက်ချိုးမျှ မြင့်မားစွာဝယ်ယူကြရပါကြောင်း၊ မိုင်းပြင်းမြို့သည် တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကျရောက်နေသော်လည်း တောင်ကြီး- မိုင်းပြင်းကားဂိတ်မရှိခြင်း၊ ပြည်တွင်း၊ ပြည်ပကုန်ပစ္စည်း အများစုကို ကျိုင်းတုံမှ တစ်ဆင့်သယ်ယူရောင်းချခြင်းဖြင့် ယာဉ်အသုံးပြုခများ၊ နှုန်းထားများမှာ အခြားဒေသများနှင့် နှိုင်းယှဉ် ပါက ဈေးအလွန်မြင့်မားနေသည့်အတွက် မိုင်းပြင်းမြို့သည် နယ်စွန်နယ်ဖျား နယ်စပ်မြို့လေးပမာ ကုန်ပစ္စည်း ရှားပါးမှု၊ ကုန်းဈေးနှုန်း ကြီးမြင့်မှုတို့ဖြင့် ဝယ်ယူစားသုံးသူများအတွက် ဒုက္ခများစွာ ကြုံတွေ့လျက်ရှိနေ ပါကြောင်း၊ နိုင်ငံတော် အစိုးရအမှုထမ်း၊ အရာထမ်းများအနေဖြင့် တာဝန်ပေးရာဒေသများသို့ ခက်ခဲပင်ပန်းစွာ တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတော်မှ ထောက်ပံ့ပေးသောလုပ်ခ၊ လစာငွေများကို ဝမ်းရေးအတွက် လောက် ငှအောင် ချိုးခြံချွေတာနေရသည့်အပြင် ပြည်နယ်ရုံး၊ မြို့နယ်ရုံးများသို့ ရုံးကိစ္စ၊ အစည်းအဝေးကိစ္စ၊ သင်တန်းနှင့် လစာထုတ်ကိစ္စများဖြင့် သွားရပါက ခရီးစရိတ်များ အလွန်ကုန်ကျ၍ လောက်ငှမှု မရှိကြောင်းကိုလည်း တွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံတော်အစိုးရဌာနအသီးသီးမှ အစိုးရအမှုထမ်း၊ အရာထမ်း တို့အား နယ်စပ်မြို့နယ်များ နည်း တူ ဒေသတွင်းရှားပါးစရိတ်၊ လုပ်ခ၊ လစာငွေများတိုးမြှင့်ထောက်ပံ့ပေးရန် နိုင်ငံတော်မှအစီအစဉ် ရှိ/မရှိမေးမြန်း ပါသည်။