(ဂ)-ကားလမ်းများသက်တမ်းမစေ့မီပျက်စီးမှုမရှိ ရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် အတွက်ဆောင်ရွက် ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အထောက်အကူပြုစေ ရန် ဆောင်ရွက်သည့်အခါ နိုင်ငံတော်မှ ရသင့်ရထိုက်သော ဘဏ္ဍာငွေ များ ပြည့်ပြည့်ဝဝရရှိစေရန် စနစ်တကျဆောင်ရွက်ခြင်း၊ ဘဏ္ဍာငွေများ အလေအလွင့် နည်းပါးစွာဖြင့် ဆက်သွယ်ရေးလမ်းစီမံကိန်းများ အသုံးပြုနိုင်ရေးဆောင်ရွက်ခြင်းစီမံကိန်းအလိုက် လမ်းအရည် အသွေး ပြည့် မီအောင် ဆောင်ရွက်ခြင်း၊ စီမံကိန်းများဖြင့် ဆောင်ရွက်ထားသော ဆက်သွယ်ရေး လမ်းများ သတ်မှတ်ထားသည့် သက်တမ်းအတိုင်း မပျက်စီးစေရန် ထိန်းသိမ်း ကွပ်ကဲကြပ်မတ်ခြင်းစသည့် လုပ်ငန်းများကို ဦးစားပေးလုပ်ငန်း များအဖြစ် ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီး ဌာန ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အနှစ် ၂၀ နှစ်ရှည်စီမံကိန်းအဖြစ် ၂၀၁၂ ခုနှစ်က ၂၀၃၂ နှစ် အထိ ကာလတို ၅ နှစ်စီမံကိန်း ၄ ခု ရေးဆွဲ၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးလက်လမ်း အရှည် ၂၉၇၈၉ မိုင်ကို အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်များဖောက်လုပ်ခြင်းနှင့် လမ်းပေါ်ရှိ တံတားများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက် လျက်ရှိပြီး အနှစ် ၂၀ စီမံကိန်း ပြီးဆုံး ချိန်တွင် ကျေးလက်လမ်းအားလုံး အမာခံလမ်းဖြစ်ရေး ရည်ရွယ်အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အသီးသီးတွင် နိုင်ငံတော်မှ စီမံကိန်းများအတွက် ဘဏ္ဍာငွေခွဲဝေရရှိရန်တင်ပြပြီး ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ လမ်းများ ဖောက်လုပ်ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့်ဆောင်ရွက်စေခြင်း၊ နိုင်ငံတော် စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါရာ လမ်းတံတားများကို တစ်နိုင်ငံလုံး ကွန်ရက် သဖွယ် တောင်မှမြောက် အရှေ့မှအနောက် ဖောက်လုပ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူမြန်ဆန် လာခြင်း၊ ကုန်စည်စီးဆင်းမှု သွက်လက်လာခြင်း၊ ကုန်ဈေးနှုန်းကျဆင်းမှု အထောက်အကူပြုခြင်း တို့အပြင် နိုင်ငံသားအားလုံး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အထောက်အကူပြုသော အကျိုးကျေးဇူးရ ရှိလာသည့်အပြင် နယ်စပ်ဒေသနှင့် ပြည်ထောင်စု အတွင်းပိုင်း တောနှင့်မြို့ လူနေမှုအဆင့်ကွာဟမှု တဖြည်းဖြည်း ကျဉ်းမြောင်းလာကာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမို အထောက် အကူဖြစ်စေ မည့် ဆောင်ရွက်ချက် များအဖြစ် တွေ့ရှိနိုင်မှာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေကောင်းများ ကို ဖော်ဆောင် ပေးနေသော နိုင်ငံတော်စီမံကိန်းနှင့် ဆောင်ရွက်သည့် ကားလမ်းများကို ပျက်စီးစေမည့်အချက်များ ကို တစ်နိုင်ငံလုံးတွင် မိမိတို့အနေနှင့် ကြားသိမြင်တွေ့နေရဆဲဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဆက်သွယ်သော လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများ၊ မြို့နယ်ချင်းဆက်လမ်း များ၊ ကျေးရွာချင်း ဆက်လမ်းများနှင့် အချို့လမ်းများသည် သက်တမ်းမစေ့မီပျက်စီးနေပြီး ဆက်သွယ်မှုမကောင်းသောကြောင့် မသေသင့်သူများ သေဆုံးရခြင်း၊ ကလေးများပညာ သင်ကြားချင်သော်လည်း မသင်ကြားနိုင်ခြင်းနှင့် ကုန်ဈေးနှုန်း မြင့်မားခြင်း များအပြင် နယ်စပ်ဒေသအေးချမ်းတည်ငြိမ်မှု ပျက်ယွင်းခြင်း စသည့်ဖြစ်စဉ်များ ကိုလည်း မြင်တွေ့နေရပါကြောင်း၊ အကြောင်းမှာ အချို့လမ်းများသည် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေခြင်း၊ လမ်းများကိုအချိန်ကာလ ကန့်သတ်ချက်အတွင်း အမြန် ပြီးစီးအောင်ဆောင်ရွက်ရ သည့်အတွက် လမ်းအချို့သတ်မှတ်အရည်အသွေးမပြည့်မီသဖြင့် ပျက်စီးမှုဖြစ်ရခြင်း၊ ပျက်စီး နေသော အချို့လမ်းများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်သည့်အခါတွင် ကျွမ်းကျင်လုပ်သားများနှင့် နည်းလမ်းတကျ၊ စနစ် တကျဆောင်ရွက်ခြင်း၊ ပညာရှင်များကြီးကြပ်ခြင်းတို့တွင် အားးနည်းချက်များရှိနေခြင်း၊ အရည်အသွေး မမီသောကြောင့် ပျက်စီးမှုဖြစ်ရခြင်း၊ အချို့လမ်းများပေါ်သို့ သတ်မှတ်ခံနိုင်ဝန်အားထက်ပိုသော ယန္တရားတင် ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ သစ်တင်ယာဉ်များ၊ ဆီသည်ယာဉ်များ ဖြတ်သန်းသွားလာသဖြင့် ကားလမ်းများ ပျက်စီးခြင်း၊ ကားလမ်းပေါ်သို့ သံဘီးတပ်ယာဉ်များသည် စည်းကမ်းမဲ့စွာသွားလာသဖြင့် လမ်းများပျက်စီးခဲ့ ရခြင်းဖြစ်သည်ကို တွေ့ရှိပါကြောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေနှင့် လမ်းများမပျက်စီးစေရန်အတွက် စည်းကမ်းများ ထုတ်ပြန်ခြင်း၊ ကြေညာခြင်း၊ ကြပ်မတ်ခြင်း၊ ပညာပေးခြင်းများပြုလုပ်သော်လည်း ဒေသခံများက သတ်မှတ်စည်းကမ်းလိုက်နာရန် ပျက်ကွက်မှုများကြောင့် ကားလမ်းများသက်တမ်းမပြည့်မီ ပျက်စီးမှုရှိ သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ထားသော စီမံကိန်းများကို ဖျက်စီး သကဲ့ သို့ဖြစ်နေပြီး ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်နေခြင်း ကိုလည်း တွေ့ရှိရသည့်အတွက် နိုင်ငံတော် စီမံကိန်း များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကားလမ်းများ၊ တံတားများ၊ မပျက်စီးရေး၊ နိုင်ငံတော် ဘဏ္ဍာငွေများ အဟောသိကံမဖြစ်ရေးနှင့် ကားလမ်းများ သက်တမ်းအလိုက် အသုံးပြုနိုင်ရေးအတွက် ကားလမ်းများပေါ်တွင် သံဘီးတပ်လှည်းများကို တာယာဘီးများတပ်ဆင်ပြီး ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ မှ ပြောင်းလဲ တပ်ဆင်အသုံးပြုနိုင်ရေး အမိန့် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ဒေသခံများအား ပညာပေးခြင်း၊ တားမြစ်ချက်ဖောက် ဖျက်သူများကို အရေးယူခြင်း နည်းလမ်းများအပြင် နိုင်ငံတော်၏ ဘဏ္ဍာငွေ လေလွင့်မှု မရှိစေရေးအတွက် အခြားမည်သည့်နည်းလမ်းဖြင့် အဆိုပါလမ်းများ ပျက်စီးမှုမရှိစေရန် မည်သည့်အဖွဲ့အစည်းက မည်ကဲ့သို့ ထိန်းသိမ်းဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။