(ဈ)-မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အတွင်းရှိ လမ်းမကြီးအား ရာသီ မရွေးသွားလာနိုင်သော လမ်းအဖြစ် ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးအောင်မြင့် (ဂန့်ဂေါ) ဂန့်ဂေါ-ကန်ရွာ ၂၂ မိုင် ကျောက်လမ်းနှင့် ဂန့်ဂေါ- မင်းရွာ-မောလယ် ၂၁ မိုင်ကျောက်လမ်းတို့သည်ရာသီမရွေး မော်တော်ယာဉ်များ သွားလာနိုင်သော လမ်းဖြစ်ပြီး ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအစရှိသော ကိစ္စများစွာကို အကျိုးပြုသော လမ်းမကြီးများဖြစ်ပါသည်။ သို့ရာတွင် အဆိုပါလမ်းများမှာ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်မှုများ မရှိတော့ သည့်အတွက် တံတားများ၊ လမ်းများပျက်စီးကာ မိုးရာသီတွင် မော်တော်ယာဉ်များ လုံးဝမသွားနိုင်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ပါသည်။ ထို့ အတွက်ကြောင့် မိမိအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ရှိ ပြည်သူ့ဆောက်လုပ်ရေးဌာနပိုင် ယခင်လမ်းဟောင်း များဖြစ်ခဲ့ကြသော ဂန့်ဂေါ- ရွာစည်- လာဘို့- မြင်းဇာ- ကျွဲနဲ- တောင်လယ်- လက်ပန်- သာကောင်း- ကန်- ကျွန်းခုံသာရွာများအား ဆက်သွယ်ထားသောလမ်းနှင့် ဂန့်ဂေါ- ပျား- အောင်မြင်- ခေါက်ခူ- ပန်းထိပ်- မင်းရွာ-ချောင်းနက်- ဖက်ဝန်း- မောလယ်ရွာတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းတို့အား ရာသီမရွေး သွားလာနိုင်သော ကျောက်လမ်းများ အဖြစ် နိုင်ငံတော်မှ ပြန်လည်ပြုပြင်ထိန်းသိမ်းစောင်‌့ရှောက် ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း၊ ဆောင်ရွက်ပေးမည့်အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလ တွင် ဆောင်ရွက်  ပေးနိုင် မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။