(က)-၂၀၁၅ ခုနှစ်မတိုင်မီ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်၊ မြိုနယ်များ တွင်ရွေးကောက်ပွဲကော်မရှင်ရုံးများဆောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးယော်ဒီဒွေ့ (ပူတာအို) မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်တမ်း ၅ နှစ်လျှင် တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ရုံးများ သီးခြားဆောက်လုပ်ထားခြင်း မရှိသေးပါသဖြင့် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများ၌သာ ကော်မရှင်ရုံးများ ဖွင့်လှစ်ပြီး ကော်မရှင်လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြသောကြောင့် နေရာ အချို့တွင် အခန်းနေရာ ကျဉ်းမြောင်းခြင်း၊ နေရာထိုင်ခင်း အဆင်မပြေခြင်း၊ အသုံးအဆောင်ပစ္စည်းများ မပြည်‌့စုံခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ မလုံလောက်ခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ယခုအခါ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့နှင့် ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ရုံးများ စနစ်တကျ ဖွင့်လှစ်ပြီး ကော်မရှင် လုပ်ငန်းများ အောင်မြင်စွာ ဆောင် ရွက်နိုင်ပြီ ဖြစ်သည့် အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လာမည့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင်ရုံးများ သီးခြားတည်ဆောက်ပေးပြီး ကော်မရှင်လုပ်ငန်းနှင့် စပ်လျဉ်းသော အသုံးအဆောင် ပစ္စည်းများ၊ ကျွမ်းကျင် ဝန်ထမ်းများ ပြည့်ပြည့် စုံစုံထားရှိရန် အထူးလိုအပ်လျက်ရှိသောကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်၊ မြို့နယ်များတွင် ရွေးကောက်ပွဲ ကော်မရှင်ရုံးများ ဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။