(င)-မြန်မာခိုးကူခွေ မပါရှိခြင်း၊ ညစ်ညမ်းခွေ မပါရှိခြင်း စသည့် အချက်များဖြင့် အဖမ်းခံ နေရသော မြန်မာနိုင်ငံသားများအား ဒဏ်ငွေတစ်ခုသာ ချမှတ်ပြီး အပြစ်ဒဏ် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၈၆ ခုနှစ် မြန်မာနိုင်ငံဗီဒီယို ဥပဒေအရ မြန်မာခိုးကူးခွေများ၊ ဆင်ဆာမဲ့ဗီဒီယိုခွေများနှင့် ပတ်သက်ပြီး ရောင်းချခြင်း၊ သယ်ယူခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်း စသည့်ကိစ္စများ အတွက် ငွေဒဏ်နှင့် ထောင်ဒဏ် ဥပဒေများ ရှိခဲ့ပါကြောင်း၊ နိုင်ငံခြားကား များကို ရောင်းချသူများ အဖမ်းခံရသည့် အခါ မြန်မာခိုးကူးခွေနှင့် ညစ်ညမ်းခွေများ မပါရှိဘဲ နိုင်ငံခြားကားများ ကိုသာ ရောင်းချခဲ့သည်ကို အများအပြားတွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ အမှုများ အပေါ်တွင် ယခုအခါ ထောင်ဒဏ်နဲ့ငွေဒဏ် ပူးတွဲပြီး အမိန့် ချမှတ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ ထူးခြားသည်မှာ ၎င်းဗီဒီယိုအမှုကို တရားရုံးများသို့ သီးခြား နေ့စဉ်အစီရင်ခံနေရခြင်း၊ မြို့နယ်တရားရုံးများတွင် တရားသူကြီးများက ဒဏ်ငွေရိုက်သင့်၍ ဒဏ်ငွေရိုက်သည့် အခါမျိုးတွင်လည်း ၎င်းတရားသူကြီးများ ကြိမ်းမောင်းခြင်းခံရခြင်း၊ ထောင်ဒဏ် ၄ လချခဲ့လျှင်လည်း ရန်ကုန်တိုင်းဒေသကြီး ဥပဒေရုံးများက အယူခံ ပြင်ဆင်မှုများ ပြုလုပ်ခြင်းများကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာခိုးကူးခွေများမပါရှိခြင်း၊ ညစ်ညမ်းခွေမပါရှိခြင်း၊ ၎င်းအချက်နှစ်ချက်ဖြင့် အဖမ်းခံနေရသော မြန်မာနိုင်ငံသားများအား ဒဏ်ငွေ တစ်ခုတည်းသာ ချမှတ်ပြီး ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက် မည်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။