(ဃ)-“လက်ရေးတိုပညာ”မှာ လက်ရှိတိုးတက်လာသော ကွန်ပျူတာခေတ်၊ မီဒီယာခေတ်တွင် ပျောက်ကွယ် နေပြီဖြစ်ကြောင်း တွေ့ရ၍လက်ရေးတိုပညာ ပျောက်ကွယ်မသွားစေရေး တာဝန်ရှိသူများမှ ပြန်လည်ဖော်ထုတ် သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
၁၉၇၈ ခုနှစ် ဘားအံဒေသ ကောလိပ် ဒုတိယနှစ်ရုံးလုပ်ငန်းအတတ် ပညာဘာသာရပ်တွင် လက်နှိပ်စက်နှင့် လက်ရေးတိုကို ဘာသာရပ် တစ်ခုအနေဖြင့် သင်ကြားခဲ့ရကြောင်း၊ စိတ်ဝင်စားရန် ကောင်းကြောင်း၊ လက်ရေးတို ပညာကို တီထွင် ဖန်တီးခဲ့သည့် ပညာရှင်များကို လည်း လေးစားမိကြောင်း၊ ပညာရပ်တစ်ခုကို တီထွင်ဖန်တီးပြီး နိုင်ငံ၏ လိုအပ်ချက် တစ်ခုကို အချိန်ကာလ အတော်ကြာကြာ အသုံးပြုနိုင်အောင် တီထွင်ဆောင်ရွက် ပေးခဲ့ကြသည့် လူများ၏ တီထွင်ဖန်တီးမှုသည် ခေတ်ကာလ တိုးတက်လာတာနှင့်အမျှ အသုံးဝင်မှု၊ အသုံးချမှု နည်းလာပြီး တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်နိုင်သည့် အနေအထား တွေ့ရကွောင်း၊ လွတ်လပ်ရေး မရမီကာလက စပြီးတော့ ရုံးဌာနများတွင် လက်ရေးတို လက်နှိပ်စက် ဆိုသည့် ရာထူးနေရာများ ထားရှိကြောင်း၊ အထူးသဖြင့် ရုံးဌာနများ၏ အစည်းအဝေးမှတ်တမ်းများရေးသည့် နေရာ၊ တရားရုံးများတွင် တရားလို၊ တရားပြိုင်များ အပြန်အလှန် ပြောဆိုမှုများကို အလျင်အမြန် ရေးမှတ် နိုင်ရန်အတွက်ကို လက်ရေးတို ပညာကို အသုံးပြုကြရကွောင်း၊ လက်ရှိကာလသည် ကွန်ပျူတာ ပညာ၊ IT၊ မီဒီယာ စသည့်တို့သာ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာသည့်အတွက် လက်နှိပ်စက် လက်ရေးတိုကို အသုံးပြုမှုနည်းလာသည့် အနေအထားများကို တွေ့ရပါကြောင်း၊ လက်ရေးတို ပညာကိုတီထွင်ဖန်တီးခဲ့သည့် ဆေးပညာရှင်များကို လေးစားမိသည့်အတွက် လက်ရှိကာလ အသုံးပြုမှုနည်းလာသည့် ပညာရပ်တစ်ခု တိမ်မြုပ် ပျောက်ကွယ်သွားမည်ကို မဖြစ်စေလိုကွောင်း၊
လက်ရေးတိုပညာ တိမ်မြုပ်ပျောက်ကွယ် မသွားစေရန်အတွက် ပြန်လည်ဖော်ထုတ် သင်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်သင်တန်းကျောင်းများတွင် သင်ကြားပေးရန် စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးြမန်းပါသည်။