(က)-ရေပြာကျေးရွာအား ရေကာတာ ပြုလုပ်ပေး၍ ရေ လမ်းကြောင်း ပြုပြင်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဦးခင်မောင်ညို (ပေါက်) မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ရေပြာကျေးရွာသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထု၊ မင်းလှ၊ မတူပီသို့ သွားလာပြီး ပြည်ထောင်စု လမ်းမကြီးနှင့် ပုသိမ်၊ မုံရွာသွားလာသည့် လမ်းမကြီး ဆုံရာ ရွာချောင်းတံတား အမှတ်(၂) ရေပြာတံတားဘေးတွင်တည်ရှိပါသည်။ ၂၄ နာရီမီးရရှိပြီး ရဲစခန်း၊ အ.ထ.က ကျောင်းနှင့် တိုက်နယ်ဆေးရုံ တည်ဆောက်ခွင့် ရရှိထားပြီး လူစီကားသည့် လမ်းဆုံ ရွာကြီးဖြစ်ပါသည်။ အဆိုပါရွာနှင့် ကပ်လျက် သံတမော်ကျေးရွာကြားတွင် ရေပြာသဲချောင်းရှိပြီး ထိုရေပြာ သဲချောင်းကြီးမှာ မိုးတွင်း ကာလများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်လေ့ရှိပြီး ရေပြာကျေး ရွာ တောင်ဘက်ခြမ်း လူနေအိမ်များ အပါအဝင် ရေပြာ လျှပ်စစ်ရေတင် စက်များကိုပါ အမြဲအန္တရာယ် ကြရောက်လျက်ရှိရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပေါ်ခဲ့သော အိုတူးပီ မုန်တိုင်းကြောင့် ရေကြီးရေလျံမှု များဖြစ်ကာ ရေပြာကျေးရွာတောင် ဘက်ခြမ်းကို  ရေဘေးအန္တရာယ်များ ကြရောက် ခဲ့၍ လူ ၆ ဦးအသက်ဆုံးရှုံးခဲ့ရပြီး လူနေအိမ်၊ အိမ်မွေးတိရိစ္ဆာန်များ၊ လယ်မြေ၊ ယာ‌မြေများအပါအဝင် ယောချောင်းတံတား အမှတ်(၂) ရေပြာတံတား ချဉ်းကပ်လမ်းမကြီးကို ပျက်စီးခဲ့ပြီး လမ်းအောက်ဖက်ရှိ ဆင်သေကျေးရွာ၊ ကျွန်းပင်စုရွာ၊ အောက်ကျဉ်းကျေးရွာများကိုလည်း ရေကြီး၊ ရေလျှံမှုဖြစ်၍ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထိုအန္တရာယ်ကို လျော့ပါးစေရန်အတွက် ရေပြာကျေးရွာနေ ပြည်သူများမှ ကိုယ်ထူ ကိုယ်ထရေကာတာများ ပြုလုပ်ခဲ့ ပြီး ဆည်မြောင်း ဦးစီးဌာနမှ လည်း ကူညီမှု အချို့ပေးခဲ့သော်လည်း စိတ်ချရသည့်အခြေအနေမရှိဘဲ စိုးရိမ်ရမြဲဖြစ်နေပါကြောင်း၊ အဆိုပါ သဲချောင်းကြီးကို အချိန်မီ ရေကာတာ ရယူရေ လမ်းကြောင်း ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ရေကြီးရေလျံမှုများ ထပ်မံ ဖြစ်ပေါ်ကာ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ကျရောက်နိုင်သည့်အပြင် လျှပ်စစ်ရေတင် စံပြလယ်စိုက်ဧက ၁၀၀၀ တွင် ရေပြာကျေးရွာ၊ ဆင်သေကျေးရွာ၊  ကျွန်းပင်စုကျေးရွာ၊ အောက်ကျင်းကျေးရွားများရှိ လူနေအိမ်စုစုပေါင်း  ၅၀၀ နှင့် လူဦးရေ ၂၀၀၀ခန့် တို့အပေါ် အန္တရာယ်များကြရောက်နိုင်ပြီး အသစ်တည်ဆောက်မည့် ပုသိမ်၊ မုံရွာ လမ်းမကြီးပေါ်ရှိ ယောချောင်းတံတား အမှတ်(၂၀) ရေပြာတံတား၏ ချဉ်းကပ်လမ်းကိုလည်း ပျက်စီးနိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ သဲချောင်းကြီးကို ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေကာတာ ရယူရေး ရေလမ်းကြောင်း  ပြုပြင်ပေးစေလိုသော ဆန္ဒဖြင့် ဒေသခံပြည်သူများက မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် အထက်ဖော်ပြပြီးဖြစ်သော ရေကာ တာတူးမြောင်းကို ပြည်ထောင်စုအစိုးရမှ သဘာဝဘေးကြိုတင် ကာကွယ်နိုင်ရေး အတွက် ရေပြာ ကျေးရွာ အား ရေဘေးအန္တရာယ် ကာကွယ်နိုင်ရန် ရေကာတာပြု လုပ်ပေး၍ ရေလမ်း ကောင်းမွန်စေရန် ပြုပြင်ဆောင် ရွက်ပေးရန်အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း ဒေသခံပြည် သူများကိုယ်စား မေးမြန်းပါသည်။