(ဇ)-ဝိုင်းမော်မြို့နယ်နှင့် ချီဖွေ(၂) မြို့နယ် ဆက်သွယ် သွားလာ နေသော ကားလမ်းမပေါ်ရှိ ကျေးရွာ အုပ်စု (၂၉) ခုတွင် ဖုန်းလိုင်းရရှိအောင်ဆောင် ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း
ဝိုင်းမော်နှင့် ချီဖွေ ဆက်သွယ်ရေး လမ်းမပေါ်ရှိ ကျေးရွာအုပ်စု ၁၃ အုပ်စု အိမ်ခြေပေါင်း ၃၂၀၄ အိမ်၊ ဝိုင်းမော်မြို့နယ်၊ ဆံထုံး-ကမ်ပိုင်တီ မြို့နယ်ခွဲရှိ ကျေးရွာအုပ်စု ၁၆ အုပ်စု၊ အိမ်ခြေပေါင်း ၂၃၀၂ အိမ်၊ ယင်းကျေးရွာအုပ်စုများ အပြင် သက်ဆိုင်ရာ ဌာနများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များလည်း မြောက်များစွာရှိသည့် မြို့နယ် ဖြစ်ပါကြောင်း၊ သို့ရာတွင် ချီဖွေ-ဝိုင်းမော် ဆက်သွယ်သည့် လမ်းကြောင်းပေါ်ရှိ ကျေးရွာများနှင့် ဆံထုံး-ကမ်ပိုက်တီး ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် ရှိကြသော ကျေးရွာ အုပ်စုများတွင် တယ်လီဖုန်းလိုင်း အခက်အခဲ မြောက်များစွာ ရှိကြပါကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာအုပ်စုများ ၌နေထိုင်ကြသည့် ပြည်သူလူထုများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ လုပ်ငန်းဆက်သွယ်ရာတွင် လွယ်ကူချောမွေ့နိုင်ရန်အတွက် တယ်လီဖုန်း ဆက်သွယ်ရေး လိုင်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြင်ဆင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း မေးမြန်းပါသည်။