(က)-သုံးခွမြို့နယ်တွင် ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွက် စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်များ ထုတ်ချေးခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

ဦးအောင်သိန်းလင်း (တောင်ဥက္ကလာ) ၂၀၁၃-၂၀၁၄ စိုက်ပျိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တချို့မြို့နယ်များတွင် လယ်သမားများသည် ပိုင်ဆိုင်သောဧက အလိုက် စိုက်ပျိုးစရိတ် အပြည့်အဝ ချေးပေးခြင်းကို တွေ့ရှိရသော်လည်း သုံးခွဲမြို့နယ်တွင် စိုက်ပျိုး စရိတ်တွေကို ၁၀ ဧကအထိသာ ထုတ်ချေးပြီး ၁၀ ဧကထက် ပိုသော မြေ အတွက် ထုတ်ချေးခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လယ်သမားများသည် ၁၀ ဧကထက်ပိုပိုသော မြေများကို အမည်အမျိုးမျိုးနှင့် ခွဲစိတ်၍ အမည်ပေါက် များပြုလုပ်ရပါကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ရသည့်အတွက်လည်း မြေတိုင်းတာခြင်း စသည့် လုပ်ငန်းများအတွက် ငွေကြေး ကုန်ကျတာခြင်းများရှိပါကြောင်း၊ ထို့ကြောင့် သုံးခွမြို့နယ်တွင် လယ်သမား တစ်ဦးချင်း စိုက်ပျိုးနိုင်သော မြေပမာဏအတိုင်း သတ်မှတ်နှုန်း ထားဖြင့် နောင်ကာလများ တွင် ငွေထုတ်ချေးခွင့် ရအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသည့်နေရာ တွင် လယ်သမားတစ်ဦး လျှင် ကျပ် ၂၀၀၀ ပေးဆောင်နေရကြောင်း တင်ပြကြပါရာ အဆိုပါငွေကြေးသည် တရားဝင်ပေးဆောင်ရန် သတ်မှတ်ထားသော ငွေဟုတ်/မဟုတ် သိရှိလိုကြောင်း မေးမြန်း ပါသည်။