(ဂ)-နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ရန် မည်သည့် နိုင်ငံ၊ မည်ကဲ့သို့သော လုပ်ငန်းမျိုး၊ရင်းနှီး မြှုပ်နှံမှုသန်းပေါင်းမည်မျှနှင့် နိုင်ငံသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများမည်မျှ ရရှိပြီးသည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့် မေးခွန်း
ဂျာနယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍မည်သည့်နိုင်ငံမှ မည်မျှနှင့် မည်ကဲ့သို့လုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတိတိကျကျ မသိရှိသောကြောင့်ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်၍ ဥပဒေများကိုလည်း မိမိတို့အနေဖြင့် ဆောင်ရွက်ပြီးဖြစ် ရာ သုံးနှစ်တာကာလအတွင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သောအစိုးရအဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်လည်ပတ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည် ၏ ဆင်းရဲမွဲတေမှုလျှော့ချရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အ တွက် ဆွေးနွေးဆောင်ရွက်နေသည်ကိုတွေ့မြင်နေရပါကြောင်း၊သို့သော် ယနေ့ အချိန်ထိ ပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်မှုသည် အထိုက်အလျောက်ရရှိနေသော်လည်း အနာဂတ် ငါးနှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံနှင့် နိုင်ငံသားများအတွက် မည်မျှအထိဆောင်ရွက်နေသည်နှင့် မည်သည့်မျှော်မှန်းချက်များထားရှိဆောင်ရွက်နေသည်ကို သိရှိလို၍မည် သည့်နိုင်ငံများက လာရောက်ပြီး ရင်းနှီးမြှုပ်နှံမည်ကိုလည်းကောင်း၊ မည်သည့်လုပ်ငန်းအမျိုးအစားများ လာရောက် ဆက်သွယ်ဆောင်ရွက်နေပြီး ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသန်းပေါင်း မည်မျှရရှိထားသည်နှင့်နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများမည်မျှအထိပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။