(စ)-တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်မှု လယ်ယာ ဦးစီးဌာနသို့ လယ်ထွန်စက်များအစီးရေ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ကျေးလက်နေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနား၌ မိမိတို့နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိနေသော်လည်း ယနေ့ဆင်းရဲ နွမ်းပါးမှုနှုန်းများနေသေးကြောင်း၊ ဆင်းရဲနွမ်းပါးမှု အများဆုံးသည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများဖြစ်ကြပြီး လက်လုပ်လက်စားသမားများအနေဖြင့်လည်း ယင်းလုပ်ငန်းများအပေါ်တွင် မှီခိုအား ထားနေရပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် မှသာကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ လက်ရှိအခြေအနေတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်အောင် အလေးထားဆောင်ရွက်နေသည် ဟု နိုင်ငံတော်သမ္မတက ညွှန်ကြား ထားခဲ့ပါကြောင်း၊ တောင်သူလုပ်ငန်းလုပ်ကိုင် စားသောက်နေကြသော တောင်သူ လယ်သမားများသည် ရာသီအမီထွန်ယက်စိုက်ပျိုးနိုင်ရန် အခက်အခဲကြုံတွေ့နေ ရကြရသောကြောင့် ၎င်းတို့၏လက်ရှိခိုင်း နွားအကြီးများ ကိုရောင်းပြီး ခိုင်းနွားအငယ်များ၊ နွားမများဖြင့် ထွန်ယက် စိုက်ပျိုးကြသည့်အပြင် နွားပေါင်ထိကန် စိုက်ပျိုးစရိတ်ကို ပိုမိုသုံးစွဲမှုပြီး အားသွန်ခွန်စိုက် လုပ်အားကြိုးစားအား ထုတ်ပါသော်လည်း ထိုကဲ့သို့ အင်အားနည်းနွားများဖြင့် ရာသီအမီမစိုက်ပျိုးနိုင်ကြောင်းကို တွေ့ရှိရပါကြောင်း၊ စပါးစိုက်ရန်အတွက် လက်တွန်းထွန်စက်များဖြင့် ထွန်ရက်စိုက်ပျိုးနိုင်သော်လည်း ပဲယာမြေများတွင် အဆင်မပြေနိုင်ပါကြောင်း၊ ပဲ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ငရုတ်၊ ဂုံလျော်၊ ကြံနှင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဝါ၊ ဂုန်လျော်၊ ကြံစသည်များကို ရာသီအမီစိုက်ပျိုးနိုင်ရန် ထွန်စက်ကြီးများနှင့် ထွန်ရက်နိုင်ပါမှ အချိန်မီ စိုက်ပျိုးနိုင်မည့်အနေအထားရှိနေပါကြောင်း၊ ယခုအချိန်သည် တောင်သူလယ်သမားများအနေဖြင့် ထွန်စက်ကြီးများ ငှားရမ်း အသုံးပြုလိုသူများပြားနေတဲ့ အချိန်အခါလည်းဖြစ်နေပြီ ဖြစ်သဖြင့် ရာသီအမီစိုက်ပျိုးနိုင်ရန် မြို့နယ်အသီးသီးရှိထွန်စက်စခန်းများတွင် လက်ရှိထွန်စက်စီးရေထက် ပိုမိုတိုးချဲ့ချ ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်ကဲ့သို့စီမံထားရှိသည်ကိုသိရှိလိုကြောင်းမေးမြန်းပါသည်။