(ဆ)-အင်းလေးဒေသမိုးဗြဲဆည်ကြီးတွင်သဲနုန်း များ စုပ်ထုတ်၍ကမ်းစပ်များတွင်မြေတူးမြေကော် စက်များဖြင့်တူးဖော်ပေးရန်နှင့်လိုအပ်လျက် ရှိသောခေတ်မီ သောင်တူးစက်များ ဝယ်ယူပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မိုးဗြဲဆည် (တောင်အင်း)၊ အင်းလေးကန် (မြောက်အင်း) များအတွင်းသို့ ချောင်းကြီးချောင်းငယ် ၂၉၃ ချောင်းစီးဝင်နေကြရာ ပညာရှင်များ၏ တွက်ဆချက်အရ နှစ်စဉ်သဲနှုန်းပမာဏ ကုဗပေသန်း ၃၀ ခန့်ဝင်ရောက်ပို့ချနေသည်ဟုသိရှိရပါကြောင်း၊ အင်းလေးကန်အတွင်းသို့ မြေ တူးမြေကော်စက်များ၊ ထုတ်စက် သောင်တူးစက်များဖြင့် အခါအားလျော်စွာ တူးဖော်ပေးခြင်းများရှိပါကြောင်း တောင်အင်းတွင်လည်း နှစ်စဉ်သဲနှုန်းပို့ချ ဝင်ရောက်နေခြင်းကို နှုန်းမြေများစုပ်ထုတ်ပေးခြင်းဖြင့် ရေလှောင်ပမာဏပိုမို လာပြီဖြစ်ကြောင်း၊ သို့သော် နှုန်းမြေများစီးဝင်နေမှု ပမာဏ ကြီးမားခြင်းနှင့်သောင် တူးစက် အရေအတွက် နည်းပါးနေခြင်းတို့အပြင် လက်ရှိတူးဖော်နေသောစက်များသည် လည်းခေတ်မမီတော့ခြင်းကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လျက် ပြင်ဆင်နေရ၍ အချိန်ပိုကုန်နေခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အတွက်မိုးဗြဲဆည်ကြီးတွင်သဲနှုန်းများစုပ်ထုတ်၍ ကမ်းစပ်များ တွင် မြေတူးမြေကော် စက်များဖြင့် တူးဖော်ပေးရန်နှင့်ပြည်ထောင်စုလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ရှမ်းပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ လိုအပ်လျက်ရှိသောခေတ်မီသောင်တူး စက်ကြီးများဝယ်ယူပေးပို့ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။