(င)အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အတွက် ချေးငွေရယူခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-17

အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးနေသော  စက်မှုဝန်ကြီးဌာနရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဦးအေးမောက် (မလှိုင်)ဌာနမှ စက်မှု မှတ်ပုံတင်စာရင်းများအား မြို့နယ်များသို့ ပေးပို့နိုင်ခြင်းရှိ/မရှိ။ စက်မှု လုပ်ငန်း ဆောင်ရွက်နေ သူအဖြစ် ထောက်ခံချက်ထုတ်ပေးနိုင်ခြင်းရှိ/မရှိ။ မထုတ်ပေးနိုင်ပါက မည်သည့်အတွက် မထုတ်ပေးနိုင်ကြောင်းနှင့် အဆိုပါ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဆောင်ရွက်နေသူအဖြစ် ထောက်ခံချက် လက်မှတ်ထုတ်မပေးနိုင်လျှင် အဆိုပါဌာနမှ အသိအမှတ်ပြုထားသော စက်မှု မှတ်ပုံတင်လက်မှတ် မူရင်း/မိတ္တူများဖြင့် တင်ပြလာပါက စက်မှုလုပ်ငန်း များ ဆောင်ရွက် နေသူအဖြစ် အထောက်အထား ဖြစ်ကြောင်း အသိပေးကြေညာ စာ ထုတ်ပြန်နိုင်ခြင်းရှိ/မရှိ။ မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို သိလိုပါကြောင်းနှင့် စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများအားအဆင့်ဆင့် မည်သို့မည်ပုံ ချေးငှား နိုင်ပါကြောင်း ရှင်းလင်းတင်ပြပေးပါရန်နှင့် ယနေ့မြန်မာ့ ရုပ်မြင်သံကြားတွင် တင်ဆက်ပြသနေသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းကြော်ငြာနှင့် ယနေ့အကောင် အထည်ဖော်ဆောင်ရွက်နေသော အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း ပေါ်လစီများ ကိုက်ညီမှုရှိ/မရှိ သိလို ပါကြောင်းမေးမြန်းပါသည်။