(င)-ပြည်သူများ အခွန် ထမ်းဆောင်လိုစိတ်မြင့်မား လာစေရန်ပိုမိုကောင်းမွန်ထိရောက်သောအ ခွန်ကောက်ခံသည့်စနစ်ဖြစ်ပေါ်လာစေရေး အတွက်ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတစ်နိုင်ငံ၌ ဒီမိုကရေစီစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးအတွက် အခွန်စနစ်သည် လွန်စွာအရေးပါပါကြောင်း၊ မိမိတင်ပြလိုသည့် အခွန်အခရသည် ဆိုသည်မှာ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ကောက်ခံသည့် အခွန်များ သာမကဘဲ အခြားဝန်ကြီးဌာနအသီးသီးက ကောက်ခံသော အခွန်အခများ ကိုလည်း ဆိုလိုပါကြောင်း၊ ယနေ့နိုင်ငံတော်တွင် ပြည်သူများအနေဖြင့် ကောက်ခံသည့်စနစ်ကို ကောင်းစွာနား လည်သည် ဟု မဆိုနိုင်သေးပါကြောင်း၊ လုပ်ငန်းရှင်ကြီးများ၊ အခွန်နှင့် ဆက်စပ် လုပ်ငန်းရှင်များသာ အနည်းငယ်နားလည်သည်ဟု မိမိအနေဖြင့် မှတ်ယူမိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့နိုင်ငံတော်တွင် နည်းအမျိုးမျိုးဖြင့် အခွန်ဆောင်မှု များကြောင့် နိုင် ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ၊ အခွန်အခရငွေများ လွန်စွာနစ်နေရ ပါကြောင်း။
ယနေ့ အကောက်အခွန်စစ်ဆေးမှု ရှောင်တိန်းမှုများကို စစ်ဆေးရာတွင် ယခင်ကောက်ခံနေသော အခွန်များထက် ၁၀ ဆကျော် ရရှိနေကြောင်း၊ ထိုကဲ့သို့ အခွန်ကောက်ခံရာတွင် စားသောက်ဆိုင်များ၊ စူပါမားကတ်ကြီးများ တွင်လည်း အခွန်ကောက်ခံမှုများ၌ အများ ပြည်သူများထံမှ အခွန်ကောက်ခံမည့် ပြေစာများကို ၎င်းတို့၏ ကွန်ပျူတာ များမှ ထုတ်ပေးသောပြေစာများ ဖြင့်သာ ထုတ်ပေးထားပြီး သက်ဆိုင် ရာမြို့နယ် အခွန်ဦးစီးဌာနမှ ပေးဆောင်သော အခွန်ရုံးတံဆိပ်၊ ထင်ရှားတဲ့တံဆိပ်များ၊ ပြေစာများမပါရှိသည့် အတွက် ပြည်သူ့ငွေများနိုင်ငံတော်သို့တိကျစွာ မဝင်နိုင်သည်ကို သုံးသပ်ရရှိပါကြောင်း။
ထိုကဲ့သို့မဖြစ်စေရန်အတွက်ကိုလည်း သက်ဆိုင်ရာ အခွန်ထမ်းပြည်သူ၊ သက်ဆိုင်ရာအခွန် ကောက်ခံသော တာဝန်ရှိသူများ ပူးပေါင်း၍ အဂဓိမလိုက်စားဖို့လည်း ကြီးကြပ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တင်ပြလို သည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက် များကို ပေးဆောင်ရန်တာဝန်ရှိသည် ဆိုသောတာဝန်ကို ကျေပြွန်စွာထမ်းဆောင်လာစေရန်နှင့် ပြည်သူများကို အခွန်ထမ်းဆောင်လိုစိတ် မြင့်မားလာစေရန်အတွက် အခွန်ရှောင်တိန်းခြင်းသည် ရှက်ဖွယ် ကိစ္စဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် အများအကျိုးသယ်ပိုးခြင်းစိတ်ဓါတ်ဖြစ်ကြောင်း၊ အခွန်ရှောင်သူ များကို အများပြည် သူများရဲ့ ကဲ့ရဲ့ရှုံ့ချပြစ်တင်ခံရနိုင်ကြောင်း၊ အခွန်ထမ်းဆောင်ခြင်း ကို ဂုဏ်တက်စေရန် ပြည်သူများဟာ အသိ ပညာပေးစေလိုကြောင်းနှင့် သက်ဆိုင်ရာပညာရေးဌာန စာသင်ကျောင်းများတွင်လည်း နိုင်ငံသားကျောင်း သားကျောင်းသူများ နားလည်အောင် အသိပညာပေး သင်ကြားခြင်းပြုလုပ်သင့်သည်ဟု ယူဆပါကြောင်း။
ဥပဒေ၊ နည်းဥပဒေ အမိန့်၊ ညွှန်ကြားချက်များကိုလည်း မလိုအပ်ဘဲ ထိန်းချုပ်စည်းကမ်းများဖြင့် ထိန်းချုပ်နေပါက တိကျမှုမရှိဘဲ သက်သာမှုရစေရန်အတွက် လုပ်ပိုင်ခွင့်ရှိသူနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အဂဓိလိုက်စားမှု များ ရှိနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြား ချက်များကို အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် ပြည်သူများ နားလည်ရှင်းလင်း လွယ်ကူသော နည်းလမ်းများကိုကျင့်သုံး၍ စီမံသွားခြင်းဖြင့် အဂဓိကင်းရှင်းပြီး ပြည်သူ့ ဘဏ္ဍာငွေများ နိုင်ငံတော်သို့ အပြည့်အဝ ဝင်လာနိုင်ကြောင်း။
ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းမှာ ယနေ့မြန်မာ နိုင်ငံသည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေရာ တွင် နိုင်ငံတော်၏ အသုံးစရိတ်များကို အခွန်အခရငွေများ ပေါ်တွင် အခြေခံသုံစွဲရခြင်းရှိသဖြင့် ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အခွန်စနစ်ကို ပြည်သူများပိုမိုရှင်းလင်း လွယ်ကူစေနိုင်မည့် အခွန် ကောက်ခံသည့် စနစ်အား ပိုမိုတိကျစွာဆောင်ရွက်ခြင်း ဥပမာစားသောက်ဆိုင်ကြီးများ၊ စူပါမားကတ်များတွင် အခွန်ကောက်ခံရာ၌ သက်ဆိုင်ရာ အခွန်ဦးစီရုံး၏ တရားဝင်ပြေစာမပါသဖြင့် နိုင်ငံတော်သို့ အခွန်ငွေများဝင်ရန် ခက်ခဲခြင်း၊ ပြည်သူများ အခွန်ထမ်းဆောင်စိတ် မြင့်မားစေရန် မီဒီယာမှတစ်ဆင့် အသိပညာပေးခြင်းစသည့် ယခု တင်ပြချက်အချက်အ လက်များကို အကောင်အထည်ဖော်ရန် ပိုမိုကောင်းမွန်ရာ (၁)ကျွမ်းကျင်သော ပညာရှင်များဖြင့် တိုင်ပင်၍ လည်းကောင်း၊ (၂) အောက်ခြေမြို့နယ်တွင်ပြည်သူများ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အကြံဉာဏ်များရယူကာ ပိုမိုကောင်းမွန်ထိရောက်သော အခွန်ကောက်ခံသည့် စနစ်ဖြစ်ပေါ် လာစေရေးအတွက် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။