(င)-လွိုင်လင်မြို့နယ် အ.လ.က(ခွဲ)မြို့မ မိုင်းပွန်အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နယ်၊ မိုင်းပွန်ဒေသရှိ အ.လ.က(ခွဲ)မြို့မကျောင်းတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန် ကျောင်းသားကျောင်းသူများမိဘများ၏ အဖက်ဖက်မှ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းပြီးတော့ အားပေးကူညီဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လည်းကောင်း၊ ဆရာဆရာမများ၏ သင်ကြားပြသကောင်းမွန်မှုများကြောင့်လည်းကောင်း၊ ကျောင်း စည်းကမ်းကောင်းမွန်မှုများကြောင့်လည်းကောင်း ကျောင်းသားကျောင်းသူများစွာ ပညာသင်ကြား လျက်ရှိပါကြောင်း၊ ထ့ိုပြင် ဒေသခံ မိဘပြည်သူများကလည်း အ.လ.က(ခွဲ)မြို့မ မိုင်းပွန်အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ပညာသင်ကြားခွင့်ပြုပါရန် တင်ပြခဲ့သည်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် အ.လ.က(ခွဲ)မြို့မ မိုင်းပွန်အား အခြေခံပညာ အလယ်တန်းကျောင်းအဖြစ်အဆင့်တိုးမြှင့်ပညာသင်ကြားခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အဆင့်တိုးမြှင့်ပေးကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။