(ဃ)-မြစ်ကြီးနား-နမ္မတီး-တနိုင်း- ရှင်ဗွေယန်-တဒက်ခ-ပန်းဆောင်လမ်းကို ကတ္တရာလမ်းခင်းနိုင်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မြစ်ကြီးနား-နမ္မတီး-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်ဆောင်လမ်း ဒေသအခေါ် လီဒိုလမ်မကြီး၏ အစိတ်အပိုင်း ဖြစ်သည့် နမ္မတီး-လက်ဝါး မိုင် ၂၀ ကတ္တရာလမ်းခင်းခြင်းကို ဆောင်ရွက်ပြီးစီးသည်ကို သိရှိရ ပါကြောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် နေထိုင်သည့်  ပြည်သူများအနေဖြင့်  ၎င်းလမ်းမကြီးကိုသာ အဓိကမှီခိုအားထား သည့်အတွက် ယင်းလမ်းမကြီးအား အဆင့်မြှင့်တင်ခြင်းကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်မည်ဆိုပါက ဖွံ့ဖြိုးမှုအရှိန်အဟုန်မြင့်မားလာမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မြစ်ကြီးနား-နမ္မတီး-တနိုင်း-ရှင်ဗွေယန်-တဒက်ခ-ပန်ဆောင်လမ်းကို ကတ္တရာလမ်းခင်းနိုင်ရန် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။