(ဈ)-ဆမ္မဆယ် အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ပေးပါရန် အစီအစီရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာသည် ဆမ္မဆယ်အုပ်စုတွင်တည်ရှိပြီး လူဦးရေ ၂၁၃၁ ဦးရှိသောကျေးရွာ ဖြစ်ပါကြောင်း၊ ဆမ္မဆယ် အခြေခံပညာအလယ်တန်းကျောင်းမှ နှစ်စဉ် အဋ္ဌမတန်းကျောင်းသား ၄၀ ခန့်အောင်မြင်ပြီး အထက်တန်းပညာကို ငွေကြေးတတ်နိုင်သူများ၏ သားသမီးများသာ သွားရောက်သင်ကြားနိုင်သည့်အပြင် အ.ထ.က (နောင်ချို) နှင့် သွားလာရာ တွင်လည်း အလွန်ခက်ခဲပါကြောင်း၊ ကျောင်းအတွက် လိုအပ်သော မြေဧရိယာ ၅.၄၈ ဧက ပိုင်ဆိုင်ထားပြီး ပညာရေးကို အားပေးသော ကျေးရွာတစ်ရွာဖြစ်သည့်အပြင် အထက်တန်း ကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုမည်ဆိုပါက ပတ်ဝန်းကျင်ကျေးရွာ မှ တက်ရောက်နိုင်သည့် ကျောင်းသား အင်အားများစွာ ရှိပါကြောင်း၊ ထို့ကြောင့် နောင်ချို မြို့နယ်၊ ဆမ္မဆယ် အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင ်ခွင့်ပြုပေးနိုင်မည်ကို သိလိုကြောင်းမေးမြန်း ပါသည်။