(ဆ)-ရွှေတောင်မြို့နယ်ရှိ၊ အ.ထ.က(ခွဲ)တရုတ်မှော် အခြေခံ ပညာကျောင်းများ ပြုပြင်/အသစ် တည်ဆောက်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရွှေတောင်မြို့နယ် တရုတ်မော်ကျေးရွာအုပ်စုရှိ အထကခွဲ(၁) တရုတ်မော် သည် ကျောင်းသားဦးရေ ၂၁၂ ဦး ပညာသင်ကြားနေသော ကျောင်းတစ်ကျောင်းြ ဖစ်ပြီး အဆိုပါ ကျောင်းဆောင်ကို ၁၉၇၈ ခုနှစ်က စတင်တည်ဆောက်သည့် အတွက် ယခုအခါ ထိုကျောင်းဆောင်သည် ကြမ်းခင်းများ ဆွေးမြေ့ပျက်စီးနေခြင်း၊ အမိုးများခိုင်ခံ့မှုအားနည်းလာခြင်း၊ မိုး၊လေမလုံတော့ခြင်း၊ မျက်နှာကျက် များ ဆွေးမြေ့ပျက်စီးခြင်း များဖြစ်ပေါ်နေ ပါကြောင်း၊ ရွှေတောင် မြို့နယ် ကသစ်တိုင်းအုပ်စု၊ စမ်းရွာအမကသည် ကျောင်းသား/ကျောင်းသူ ၄၄ ဦး ပညာသင်ကြားလျက်ရြှိပီး အဆိုပါကျောင်းဆောင်ကို ၁၉၈၃ ခုနှစ်တွင် ရပ်ရွာမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်ခဲ့သော မြေစိုက်အဆောက်အဦဖြစ်ရာ နှစ် ၃၀ကြာမြင့်ပြီဖြစ်ကြောင်း၊ ရွှေတောင်မြို့နယ် သရက်သုံးပင် ကျေးရွာအုပ်စု၊ လက်ပံပုအထကသည် ကျောင်းသား/ကျောင်းသူ ၁၂၀ ပညာ သင်ကြားလျက် ရှိသော ကျောင်းဖြစ်ပြီး အဆိုပါကျောင်းကို ၁၉၇၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ ပါကြောင်း၊ ယခုအခါ ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် မြစ်ကမ်းပါးနှင့် ထိုလက်ပံပု အမကသည် ၅၁ ကိုက်သာ ဝေးကွာတော့ပြီး ကျောင်း ခြံစည်းရိုးနှင့် ၆ ကိုက်သာ ကွာဝေးတော့ပါကြောင်း၊ ၃-၂-၂၀၁၃ ရက်နေ့က ဧရာဝတီမြစ်ကမ်းပြိုခဲ့သောကြောင့် လက်ပံပုရွာ အခြေခံမူလတန်း ကျောင်းအဆောက်အဦ၏ ရှေ့မျက်နှာစာနံရံတွင် အက်ကွဲကြောင်း ၄ ကြောင်း၊ နောက်ကျောဘက်နံရံ တွင် အက်ကွဲကြောင်း ၄ ကြောင်း၊ ညာဘက်နံရံတွင် အမြင့် ၁၅ ပေ၊ အကျယ် ၃ လက်မရှိသော အက်ကွဲကြောင်းများဖြင့် အောက်ခြေမှ အမိုးထိကွဲအက်နေသည့်အပြင် အမိုးထုံးဒိုင်းများမှာလည်း ကွဲအက်နိမ့်ကျနေရာ အန္တရာယ်ရှိ အဆောက်အဦ အဖြစ်သို့ ရောက်ရှိနေ သဖြင့် ကျောင်းသူ/ကျောင်းသားများအားလုံး ဘုန်းတော်ကြီးကျောင်းသို့ပြောင်းရွှေ့ ပညာ သင်ကြား နေရ ပါကြောင်း၊ ဒေသမှ မြစ်ကမ်းပါးနှင့် ကိုက် ၂၅၀ အကွာ မူလကျောင်းနှင့် ရွာ၏အရှေ့ဘက် မြေနေရာ၌ ဧရိယာ ဝ.၈၁ ဧကရှိ မြေနေရာကို ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေစာရင်း မှတ်ပုံတင် ထားရှိ ပြီးဖြစ်ကြောင်း၊ ရွှေတောင်မြို့နယ၊် ဇယ်မအုပ်စု ရွာကုန်းအမကသည် ကျောင်းသား/ကျောင်းသူ ၃၀ ပညာ သင်ကြားလျက်ရှိသောကျောင်းဖြစ်ပြီး ကိုယ်ထူ ကိုယ်ထတည်ဆောက်ခဲ့သော ကျောင်းဆောင်များဖြစ်ရာ ယခုအခါတိုင်များအခြေပျက်ခြင်း၊ အကာနံရံများ ကွဲအက် လာခြင်းတို့ကြောင့် ပြိုကျလာနိုင်သည့် အန္တရာယ်ကို စိုးရိမ်နေရပါကြောင်း၊ ထို့ကြောင့် အထက်တွင်တင်ပြခဲ့သော ကျောင်းဆောင်များကို အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်များရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလို ပါကြောင်းမေးမြန်းပါသည်။