(က)-အောက်ခြေ အလုပ်သမားများ အတွက် အနိမ့်ဆုံး လစာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

ဒေါ်ဇာတလမ်း (ထန်တလန်း)ပြည်တွင်းဂျာနယ်များတွင် အလုပ်သမားနှင့် အလုပ်ရှင်များ ပြဿနာ၏ အဓိကအချက်မှာ လုပ်ခလစာကြောင့်ဖြစ်ရခြင်းကို လေ့လာ သုံးသပ်မိသဖြင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယင်းအလုပ်သများတွင် အမျိုးသမီး အလုပ်သမားများ ပိုမိုပါဝင်များ ပြားနေခြင်း၊ ထို့ပြင် အလုပ်သမားများ၏ အခြေခံလစာနှုန်းကို သတ်မှတ်ပေးပါက အမျိုးသမီးများသာမက အမျိုးသားများ၊ အမျိုးသမီးများအတွက်ပါ အကျိုးရှိမည် ဖြစ်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ ပြဿနာများကိုလည်း ပြေလည်သွားမည်ဟု ယုံကြည်မိ ပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ခလစာဖြင့် စားဝတ်နေရေး ကို ဖြေရှင်းနေ ရသော အောက်ခြေ အလုပ်သမားများ အတွက် အနိမ့်ဆုံးလစာ သတ်မှတ်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

[ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ ကိုယ်စား ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာတလမ်း မေးမြန်းပါသည်။]