(ဇ)-သဘာဝခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများညွှန်ကြားချက်များချမှတ်ပေး ရန်၊ ချင်းပြည်နယ်တွင် သဘာဝနယ်မြေသစ်များ တိုးချဲ့သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် လေ့လာနိုင်သော သဘာဝထိန်းသိမ်းရေးနယ်မြေ ၂ ခု ရှိရာတွင် ချင်းပြည်နယ်ရှိ နတ်မတောင် အမျိုးသားဥယာဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု သိရပါကြောင်း၊ ၎င်း လုပ်ငန်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသခံတို့၏ အလုပ်အကိုင် ဝင်ငွေတိုးတက်ရေး အခွင့်အလမ်းများအပြင် နိုင်ငံတော်၏ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူပြုကြောင်း၊မြန်မာနိုင်ငံ၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသော ဒေသခံအဖွဲ့အစည်းများ၊ ခရီးသွား လုပ်ငန်းရှင်များ ပူးပေါင်းပြီး စနစ်တကျအကောင်အထည်ဖော်ခွင့် ရရှိရန် အတွက် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ညွှန်ကြားချက်များချမှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ချင်းပြည်နယ် တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် သဘာဝ နယ်မြေသစ်များတိုးချဲ့သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။