(စ)-မိုးမိတ်မြို့နယ်တွင် တိုင်းရင်းဆေးရုံ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17

မိုးမိတ်မြို့နယ်သည် ရှမ်းစော်ဘွားလက်ထက်ကတည်းက တည်ခဲ့တဲ့မြို့ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည့် မြို့လည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများသည် ရိုးသားကြပြီး ယခုခေတ် ဆေးထိုးရမှာကိုလည်း ကြောက်ရွံ့ကြသူများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ဆေးထိုးရမှာ ကြောက်သည့်အပြင် ငွေကြေးမတတ်နိုင်သည့်အတွက် ဆေးရုံသွားလျှင် အထိုက်အလျောက် ငွေကြေးကုန်ကျခြင်းများ ရှိသည့်အတွက်ကြောင့် မိုးမိတ်မြို့နယ်တွင် ရိုးရာတိုင်းရင်းဆေးပေးခန်း၊ ရိုးရာတိုင်းရင်းဆေးရုံ ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။