(င)-နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုစမတ်ကတ် (SmartCard)အဖြစ်ပြောင်းလဲ၍ရက်ပေါင်း(၂၈) ရက် အစား(၁၄)ရက်အတွင်းပြီးစီးအောင်ဆောင် ရွက်နိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ပထမအကြိမ် ၁-၃-၂၀၁၂ ရက်နေ့တွင်ကျင်းပသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၁၂-၁၃ အမျိုးသားစီမံကိန်းဥပဒေ ကြမ်း၏ နောက်ဆက်တွဲပါ စီမံကိန်းလုပ်ငန်းများအတွက် နိုင်ငံတစ်ဝှမ်းလုံးတွင် IT ကွန်ယက်တပ်ဆင်ပေးရန် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးခဲ့ဖူးပါကြောင်း၊ ကွန်ယက်တပ်ဆင်ပြီးပါက နိုင်ငံသားကတ်ပြားပြုလုပ်ရန်နှင့် သန်းခေါင်စာရင်းကောက် ယူရာတွင်လည်း များစွာအဆင်ပြေသွားမည့်အပြင် နိုင်ငံသား/တိုင်းရင်းသား အစစ်အ မှန်ကို စိစစ်ရာတွင်လည်း တိကျမြန်ဆန် လွယ်ကူသွားမည်ဖြစ်ပါကြောင်း။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်း မူကြမ်း၏ လုပ်ငန်းစဉ်များတွင်လည်း ထူးခြားသော လျာထားဆောင် ရွက်ချက်များကို မတွေ့ရှိရသောကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွန်ပျူတာစနစ် Smart Card အဖြစ်ပြောင်းလဲ၍ ပြည်သူများ လျှောက်ထားရာတွင် ရက်ပေါင်း ၂၈ ရက် အစား ၁၄ ရက်အတွင်းပြီး စီးအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား Smart Card အဖြစ်ပြုလုပ်ပေးပါက သတ်မှတ်နှုန်းထားများကို မည်သို့ ကောက်ခံမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။