(စ)-ကျွဲနွားများအား လက်မှုလယ်ယာ ဘဝပိုင် ဆိုင်သောလယ်သမားအကျိုးပြု“နွားဈေး” ရှိရာသို့ သယ်ဆောင်ရောင်းဝယ်မှုအား ခွင့်ပြုပေးရန် အစီ အစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးမှ စက်မှုနိုင်ငံသို့ကူးပြောင်းနေသည်ဆိုသော် လည်း တချို့ကျေးလက်တောရွာများတွင် ကျွဲနွားကိုသာ အားကိုးပြီး လုပ်ကိုင်နေရသော လယ်ယာမြေမာက်များစွာရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း နွားပွဲ ဟုခေါ်သော နွားများအရောင်းအဝယ်လုပ်သည့် အရပ်ဒေသများရှိပါကြောင်း၊ မိမိတို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ချင်းတွင်းတွင် ကလေးမြို့တစ်မြို့တည်းသာ နွား ပွဲဈေးရှိသည့်အတွက် အဆိုပါဈေးသို့ ဒေသခံများ၊ တောင်သူလယ်သမားများနှင့် နီးစပ် ရာမြို့နယ်များက လာရောက်ရောင်းချသယ်ယူပို့ဆောင်ပြီး ရောင်းချခြင်းများရှိ ပါကြောင်း၊ ယခုအခါ ပြည်တွင်းတွင် အဓိကကျသော လယ်ယာလုပ်ငန်း၏ ကုန်ထုတ် ကိရိယာဖြစ်သော ကျွဲ၊၊ နွားများ သယ်ယူရောင်းချခြင်းကို ဥပဒေနှင့် ညီညွှတ်ခြင်းမ ရှိဟုဆိုကာ ကျွဲ၊၊ နွားများ သိမ်းခြင်း၊ လူများထောင်ဒဏ်ကျခံခြင်းများရှိသည့်အတွက် နိုင်ငံသားများ၏ အကျိုးစီးပွားကိုထိခိုက်နေပါကြောင်း၊ နိုင်ငံခြားသို့ ခိုးထုတ်ခြင်းဖြစ် ပါက ငြင်းပယ်စရာမရှိသော် လည်း တောင်သူလယ်သမားများသည် မိမိနွားများ အိုမင်းရင့်ရော်လာသည့်အတွက်သည့်အတွက် နွားအစား လဲခြင်း၊ အသစ်ဝယ်ခြင်းများကို ပြုလုပ်ရန် ကျွဲ၊၊ နွား များ သယ်ဆောင်ခြင်းကို အရေးတကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုပုဒ်မ ၅ ဟုခေါ်သော တရားဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဖမ်းဆီးသည့်အမှုများ ကြုံတွေ့နေ ကြရပါကြောင်း၊ လယ်ယာမြေအနေအထားအရ ထွန်စက် မသုံးစွဲနိုင်သော နေရာများတွင် ယင်းကျွဲ၊၊ နွားများသည် အဓိကကျပါကြောင်းနှင့် အချို့နေရာများတွင် နွားမရှိခြင်းအခက်အခဲများကြောင့် ကျွဲ၊၊ နွား ငှားရသည့်အခါ မိုးတစ်မိုးကို စပါးတင်း ၄၀၊ ဆောင်းတစ်ရာသီလျှင် ဆီတစ်ပုံးစသည်ဖြင့် ပေးကြရပါကြောင်း၊ ထိုကဲ့သို့ လယ်သမား များအတွက် နစ်နာစေသော လယ်ယာကိရိယာ၊ ကုန်ထုတ်ကိရိယာများကို ဟန့်တားခြင်း၊ တားဆီးခြင်းနှင့် ကိစ္စရပ်များ ပေါ်ပေါက်ခြင်း မရှိစေရန် အစီအမံများ လိုအပ်လာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ခေတ်အဆက်ဆက်က ရှိခဲ့သော လယ်သမားအကျိုးပြု နွားဈေးရှိသောဒေသသို့ သယ်ဆောင်မှုအား ခွင့်ပြုပေးနိုင်ရန်အစီအစဉ် ရှိ/မရှိနှင့် မရှိပါက ကျောက်မျက်ရတနာ သယံဇာတများ သယ်ဆောင်ခွင့်မပြုဟု သတ်မှတ်ထားသော မြို့နယ်များကဲ့သို့ သတ်မှတ်၍ ဖမ်းဆီး၊ တားဆီးမှု အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။