(က)-မြို့နယ်များတွင် လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမြို့နယ်ခွဲ ရုံးများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-17

နိုင်ငံတစ်ဝန်းတွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ သည် နေ့ကလေး ထိန်းကျောင်းများ၊ ဘိုးဘွားရိပ်သားများ၊ လူကုန်ကူးမှု အနေအထားတားဆီးရေး၊ ပျက်စီးနေသော အမျိုးသမီးများ ကယ်ဆယ်ရေး စသည့် လူမှုရေးလုပ်ငန်းများ အပေါ် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လူမှုလုံခြုံရေးအဖွဲ့ ရုံးခွဲများကို  မြို့နယ်များ ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်ကျရောက်ပါက တိရိစ္ဆာန်များ အသေအပျောက်၊ လယ်ယာမြေ၊ နေအိမ်၊ အဆောက်အဦ စသည် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ခြင်းကြောင့် မြို့နယ်များတွင် လည်း ဌာနဆိုင်ရာအဆောက်အဦ၊ ပုဂ္ဂလိကအဆောက်အဦ၊ စက်ရုံများပျက်စီးမှု စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် မြို့နယ်များအားလုံးတွင် လူမှုဖူလုံရေးရုံး၊ အဖွဲ့ခွဲရုံးများ ဖွင့်လှစ်ထားရှိသကဲ့သို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးခွဲများ ဖွင့်လှစ်၍ ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များနှင့် မြို့ကြီးများတွင် ရုံးဖွင့်လှစ်ထားရှိသကဲ့သို့ မြို့နယ်များတွင်လည်း ရုံးဖွင့်လှစ်ခွင့်ပေးမည့် အစီအစဉ်များ ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။