(ဂ)- မိတ္ထီလာမြို့နယ်တွင်စက်နှင့်ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်များ ထားပေးရန်နှင့် မိတ္ထီလာ မြို့နယ်ဆေးရုံအားအဆင့်မြှင့်တင်၍ ကင်ဆာဓာတ်ကင်စက်များတပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-17
မေးခွန်း အကြောင်းအရာ 

ဦးမြင့်စိုး (ပျော်ဘွယ်)မိတ္ထီလာမြို့သည် အာဆီယံလမ်း X1 နှင့် X2 ဖြတ်သန်းဆုံရာမြို့ဖြစ်ပြီး  ပျော်ဘွယ်၊ ရမည်း သင်း၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ မလှိုင်၊ သာစည် စသည့်မြို့များမှ ယာဉ်ထိခိုက်မှုဖြစ်ပွားပါက မိမိတို့မြို့နယ် အဆင့်ဆေးရုံသို့လည်းကောင်း၊ ယင်းဆေးရုံမှ  မနိုင်ပါက မိတ္ထီလာပြည်သူ့ဆေးရုံသို့လည်းကောင်း  လွှဲပြောင်း ကုသပေး ခြင်းများ ပြုလုပ်ရပါကြောင်း၊  ယခုအခါမှာ ဆိုင်ကယ်များ များပြားလာပြီး ယာဉ်ထိခိုက်မှုဖြစ်သည့်အခါ ဦးနှောက်နှင့် အာရုံကြောထိခိုက်မှုများ ရှိလာသည့် အတွက် မိတ္ထီလာမြို့တွင် CT စက်များ၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်များ၊ ခွဲစိတ်ဆရာဝန်များခန့်ထားရန်နှင့် ပတ်ဝန်းကျင်မြို့ များပြားခြင်းကြောင့် ကင်ဆာဓာတ်ကင်စက်များလည်း ထားရှိရန် လိုအပ်မည် ဖြစ် ပါကြောင်း၊ မိတ္ထီလာမြို့သည် အာဆီယံလမ်းမ X1 နှင့် X2 ဆုံရာဖြတ်သန်း ရာမြို့ဖြစ်ခြင်း၊  မြင်းခြံ- တောင်သာ- မလှိုင်လမ်းမြောက်ဘက်၊ မန္တလေး- ကျောက်ဆည်- ဝမ်းတွင်းလမ်းတောင်ဘက်၊ ရန်ကုန်-ပျော်ဘွယ်လမ်း၊ အနောက်ဘက်ကျောက်ပန်းတောင်းလမ်း၊ အရှေ့ဘက် တောင်ကြီး-သာစည်လမ်း ၅ လမ်းဆုံရာမြို့ဖြစ်ခြင်း၊ မန္တလေး မြို့ပြီးလျှင် ဒုတိယ အချက်အချာကျ ဆုံးမြို့ ကြီးဖြစ်ခြင်းတို့ကြောင့် မိတ္ထီလာမြို့နှင့် အနီးအနားမြို့များ၏ ယာဉ်ထိခိုက်မှုများကို ကုသပေးရန် CT စက်၊ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်များ၊ ခွဲစိတ် ဆရာဝန်များထားပေးပါရန်နှင့် မိတ္ထီလာ မြို့နယ်အား အဆင့်မြှင့်တင်၍ ကင်ဆာ ဓာတ်ကင်စက်များ တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။