(င)- ရွှေငါးဖမ်းခြင်းကဲ့သို့သော လောင်းကစားနည်း များကို လောင်းကစားဥပဒေနှင့် တည်ဆဲဥပဒေ များအရ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးမြို့အပါအဝင် နိုင်ငံတော်ရှိမြို့ကြီးများတွင် အီလက်ထရောနစ်ပစ္စည်း များဖြင့် ဂိမ်းဆိုင်ကဲ့သို့ ဆောင်ရွက်ထားပြီး အဆိုပါ စက် များဖြင့် ရွှေငါးဖမ်းသည့်ဂိမ်း၊ ပန်းသီးသရဖူဂိမ်းနှင့် အခြားဂိမ်းကစားနည်း များကို အခြေပြုပြီး ငွေအစား တုံကင် အမှတ်အသားများဖြင့် လဲလှယ်ကစားခြင်းများ ကို လောင်းကစားကဲ့သို့ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ အချို့သော ကစားသူများသည် တစ်ရက် ၅ သိန်း မှ ၁၀ သိန်းအထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်ကို ကြားသိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ မန္တလေးမြို့အပါအဝင် နိုင်ငံတော် ရှိမြို့ကြီးများတွင် အီလက်ထရောနစ်ပစ္စည်းဖြင့် ဂိမ်းဆိုင်ကို ဟန်ပြဖွင့်လှစ်၍ တရားဝင် သုံးစွဲသောငွေအား ဆိုင်ကောင်တာတွင် တုံကင်လဲ လှယ်ပြီး ရွှေ ငါးဖမ်းခြင်းကဲ့သို့သော လောင်းကစားနည်းများ ကို လောင်းကစား ဥပဒေနှင့် တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့် ဤကဲ့သို့ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာဌာနက အရေးယူဆောင်ရွက်မှု မည်မျှရှိခဲ့သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။