(က)တပ်မတော်အင်အား တောင့်တင်းခိုင်မာရေးနှင့် ရည်မှည်းချက်များ ပြည့်ဝအောင်မြင်ရေးတို့နှင့် စပ်လျဉ်းသည့်မေးခွန်း။

2020-12-17

ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့သောပြုပြင်ပြောင်းလဲမှုပြုလုပ်စေကာမူဦးတင်မောင်ဦး တရားဥပဒေစိုးမိုးမှုအပြည့်အဝမရှိခဲ့လျှင် ပြုပြင်ပြောင်းလဲမှုများအောင်မြင် ရှင်သန် ရန်အတွက် ကန့်သတ်ချက်များ၊ အတားအဆီးများနှင့် စိန်ခေါ်မှုများ ရှိနေ မည် ဖြစ်ပါကြောင်း၊နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ကြုံတွေ့ရ တိုင်း တပ်မတော်မှပင် အကူအညီပေးခဲ့ခြင်းကို တွေ့မြင်ရမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်နိုင်ငံရေးပါတီအဖွဲ့အစည်းမှ သမိုင်း တစ်လျှောက် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တပ်မတော်က သာ လျှင် ပြည်သူ လူထု၏ အကူအညီ ရယူပြီး ဆောင်ရွက်ခဲ့သည် ကို တွေ့ရ မည်ဖြစ်ပါကြောင်း၊  တရားဥပဒေစိုးမိုးမှုကို ထိပါးမှုများ လာပါက ယနေ့ဒီမိုကရေစီနိုင်ငံ ထူထောင်မှုကို ထိခိုက်လာနိုင်သည့်အပြင် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ထိပါး လာနိုင်ကြောင်း၊ တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အချိန်ပြည့် ပင်ပန်းစွာ တာဝန် ထမ်းဆောင်ရခြင်း၊ အသက်ခန္ဓာ စွန့်လွှတ်ရခြင်းတို့ကြောင့် စွန့်လွှတ်စွန့်စား လိုသောစိတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှိသော လူများနည်းပါးလာသည့် အချိန်တွင် တပ်မတော်သည် အင်အားနည်း လာမည် ဖြစ်သည့်အပြင် တပ်မတော်သားအချို့၏ လုပ်ဆောင်မှုကို ထောက်ပြကာ တပ်မတော်တစ်ရပ်လုံးကို သိမ်းကြုံးခံစားစေခြင်းသည်လည်း မဖြစ်သင့်ပါကြောင်း၊ တပ်မတော်သည် ပြည်သူအတွင်းမှ ပေါက်ဖွားလာပြီး ယနေ့အချိန်အထိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်မှ နိုင်ငံတော်၏ အချုပ်အခြာအာဏာအထိ ပါဝင်နေသူများဖြစ်ခြင်း၊  နယ်စွန်နယ်ဖျား တပ်စခန်းများတွင် စွန့်လွှတ်စွန့်စားမှုများစွာနှင့် အသက်ခန္ဓာပေးဆပ်ကာ တာဝန်ထမ်းဆောင်နေသူများ ဖြစ်ခြင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာကြည့်လျှင်လည်း မည်သည့် နိုင်ငံရေးပါတီ၊ မည့်သည့် နိုင်ငံရေးစနစ်ကိုဘဲ ကျင့်သုံးကျင့်သုံး ၎င်းတို့၏ တပ်မတော်ကို ခေတ်မီ၍ အင်အားတောင့်တင်းပြီး စွမ်းရည်အထက်မြက်ဆုံးဖြစ်အောင် ကြိုးပမ်းနေကြခြင်းတို့ကြောင့်  မိမိတို့အနေနှင့်လည်း မိမိတို့၏တပ်မတော်ကို ခေတ်မီ၍ အင်အားတောင့်တင်းပြီး ပြည်သူချစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရန် ခေတ်မီ၍ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော မျိုးချစ်တပ်မတော် ဖြစ်ပေါ်လာစေရေးသည် နိုင်ငံတစ်ခုအတွက် ခြွင်းချက်မရှိ လိုအပ်ချက်ဖြစ်ရာ တပ်မတော်အင်အား တောင့်တင်းခိုင်မာရန် မည်သို့ဆောင်ရွက်ထားပါသနည်း။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆တွင်ပါရှိသည့်အတိုင်း စီမံဆောင်ရွက်မှုရှိပါသလားနှင့် အနာဂတ်တွင်ခေတ်မီ တပ်မတော်ဖြစ်ရန် မည်သို့ စီမံထားပါသနည်းနှင့် တပ်မတော်၏ ရည်မှန်းချက်တာဝန်တွေ ပြည့်ဝအောင်  မိဘ လုပ်သားပြည်သူများထံက မည်သည့်အကူအညီတွေရရှိရန် လိုအပ်နေသည်ကို မေးမြန်းပါသည်။