(ခ)မိုးကုတ်မြို့ Ruby Land of Myanmarသို့ Tourism Promotion Area တစ်ခုအနေဖြင့် သတ်မှတ်ပြီး သွားရောက်ခွင့်ပြုရန်နှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-17

ဦးဝင်းဦး (ရေဖြူ)မန္တလေးတိုင်းဒေသကြီးရှိ  မိုးကုတ်မြို့သည် နိုင်ငံခြားသားများ၊ နိုင်ငံခြား သံတမန်များကို ဆယ်စုနှစ်ပေါင်းများစွာ သွားခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့ရာ  ယနေ့ခေတ် ကာလတွင် လွတ်လပ်စွာ သွားလာလည်ပတ်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိနှင့် ခွင့်ပြုမည်ဆိုပါက  ဒေသတွင်လိုအပ်နေသော လမ်းတံတားများကောင်း ရန်၊ လျှပ်စစ်မီး လုံလောက်မှုျမရှိခြင်း၊ ဟိုတယ်များ မရှိသေးသည့်အတွက် အဆိုပါ စီမံကိန်းများကို ဆောင်ရွက်ရာတွင် ဒေသခံလူမျိုးများကို ဦးစားပေး လုပ်ကိုင် ခွင့်ပြုရန်တင်ပြရခြင်းဖြစ်ပါကြောင်း၊ Ruby Land of Myanmar ဟု သိရှိ ကြသော အဖိုးတန်ရတနာထွက်ရှိရာ မိုးကုတ်မြို့သည် နိုင်ငံခြားသားများ သွားရောက်လည်ပတ်ကြည့်ရှုချင်သော်လည်း ခွင့်ပြုချက် မရဘဲ တစ်ချို့နိုင်ငံခြား သားများအနေဖြင့် အထူးခွင့်ပြုချက်နှင့် သွားလာခွင့်ရသော်လည်း လွတ်လပ်စွာ သွားလာ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ယခုအခါ  မိုးကုတ်မြို့ သည် ကျောက်ကောင်းကျောက်များလည်း မထွက်တော့ဘဲ မြို့နေလူဦးရေ ၁၇၀၀၀၀ လောက်တွင် တစ်ဝက်ခန့်သည် လုပ်စရာလုပ်ငန်းများ မရှိသည့်အတွက်ကြောင့် တခြားမြို့နယ်များသို့ သွားရောက်လုပ်ကိုင် ရှာဖွေစားသောက်နေရသည့်အတွက်ကြောင့် မိုးကုတ်မြို့သည် ပိတ်ပင်ထားခြင်းခံရသော Forbidding City ကဲ့သို့ဖြစ်နေပါသဖြင့် နိုင်ငံခြားသားများ သွားရောက်လည်ပတ်ခွင့် ပြုပေးရန်နှင့် နိုင်ငံခြား သားများ သွားရောက်လည်ပတ်သည့် အခါများတွင် Souvenirs အနေဖြင့် ကျောက်မျက်ပန်းချီများ၊ ကျောက် အသေးအမွှားများကို တရားဝင်အခွန်ဆောင်ပြီး ဝယ်ယူခွင့်ပေးရန် စီစဉ်ပေးစေလိုပါကြောင်း၊မိုးကုတ်မြို့နယ် တွင် ကျောက်မျက် တူးဖော်ခွင့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးရာ၌ တိုင်း/ဒေသကြီးများ၊ တခြားနိုင်ငံသားများမှ အင်တိုက်အားတိုက်ဖြင့် စက်ယန္တရားကြီးများသုံး၍ တူးဖော်ခြင်း၊ ယမ်းခွဲခြင်းများကြောင့် ပျက်စီးသွားသောဂေဟ စနစ်များကို ပြန်လည်တည်ဆောက်ပေးခဲ့ခြင်းများလည်း မရှိပါကြောင်း၊ အကယ်၍ ဒေသခံများအနေဖြင့် လုပ်ကိုင် ခွင့်ရမည်ဆိုပါက ဒေသကို ချစ်မြတ်နိုးစိတ်ဖြင့် စနစ်တကျတူးဖော်ခြင်း၊ မြေမပြိုအောင် တိုင်များဖြင့် ထောက် ကာခြင်း၊ ခဲဖို့ခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ကြပါသဖြင့် ကျန်ရှိသည့် ကျောက်မျက် လုပ်ငန်းများ ကို ဒေသခံများအား ဦးစားပေးပြီး လုပ်ကိုင်ခွင့်ပြုရန် ဒေသခံများကိုယ်စား သိရှိလိုကြောင်းမေးမြန်းပါသည်။