(ဃ)ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ်ခွဲ အတွင်း ဖုန်းလိုင်းများ မမိခြင်း၊ ပြတ်တောက်ခြင်း၊ အသံ ကြည်လင်မှုမရှိခြင်း၊ အလှည့်ကျ ပေးခြင်းတို့ကို မည်သို့ ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့် မေးခွန်း။
ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်နဲ့ ကာလိမြို့နယ်ခွဲတွင် ကြိုးဖုန်းများ အပါအဝင် တယ်လီဖုန်းလိုင်းများကို ရာသီဥတု အခက်
အခဲကြောင့် သော် လည်းကောင်း၊ တစ်ခါတစ်ရံ လူကြီးခရီးစဉ်များတွင်လည်း ဖုန်းလိုင်းများ အစဉ်ပြတ်တောက် နေလေ့ရှိပါသည်။ ကွန်ဟိန်းမြို့နယ်တွင် CDMA, GSM လိုင်းများလည်း အစဉ် ပြတ်တောက်လျှက်ရှိပြီး ကာလိမြို့နယ်ခွဲမှာ ကွန်ဟိန်းမြို့ နယ်ထက်ပို၍ အခြေအနေဆိုးရွားလျှက်ရှိပါသည်။ မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ GSM လိုင်းများဖွင့်လေ့ရှိပြီး နေ့လယ်ပိုင်းမှ ညနေအထိ CDMA လိုင်းများ ဖွင့်ခြင်းကို နေ့စဉ် အလှည့်ကျကဲ့သို့ ဆောင်ရွက်လျှက်ရှိရာ ပြည်သူများအနေဖြင့် ဖုန်း ၂ လုံး ကိုင်ဆောင်ရလေ့ရှိသည့်အပြင် တစ်ခါတစ်ရံ မည်သည့်လိုင်းများမှ မရ၍ ကာလိမြို့ပြင်အထွက် တောင်ဘက်နှင့်မြောက်ဘက် မိုင်းပြင်းခရိုင်အတွင်းရှိ လွိုင်ဖာရေး ဧရိယာတိုင် အထိ သွားရောက်ဆက်သွယ်ရပါကြောင်း၊ ယခုအခါ GSM ကို မနက်ပိုင်းတွင် ပိတ်လေ့ရှိပြီး နေ့လယ်ပိုင်းတွင်သာ ဖွင့်လေ့ရှိပါကြောင်း၊ အကြောင်းမှာ Solar စနစ်နှင့် ဝန်ထမ်းအင်အား မလုံလောက်သည့် အတွက်ကြောင့်ဟု သိရှိရပါသည်။ ကြိုးဖုန်းအများမှာလည်း အချိန်ကြာမြင့်စွာပျက်နေပြီး တာဝန်ရှိ ပုဂ္ဂိုလ်များမှ အချိန်မီ လိုက်လံပြုပြင်ပေးမှု အားနည်းနေကြောင်း၊ မိုင်းပြင်းခရိုင်အတွင်းရှိ လွိုင်ဖာရေးလိုင်းမှ အစဉ်အမြဲလိုင်းမိပြီး ဖုန်းများ လွယ်ကူစွာ ဆက်၍ရနေခြင်း မြို့တွင်းဖြစ်သော ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ် ခွဲအတွင်းတွင် ဖုန်းလိုင်းများ မမိခြင်း၊ ပြတ်တောက်ခြင်း၊ အသံကြည်လင်မှုမရှိခြင်း၊ အလှည့်ကျပေးခြင်း စသည့်တို့ကို ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ-
- မိုးရွာလျှင်သော်လည်းကောင်း၊ မိုးမရွာခင်တွင်သော်လည်းကောင်း၊ ဖုန်းလိုင်းပိတ်ထားတတ်သည် မှာ အဘယ်ကြောင့်နည်း။
- လူကြီးခရီးစဉ်များတွင် ဖုန်းများအပါအဝင် ဖုန်းလိုင်းများအားလုံး ပိတ်ထားတတ်သည်မှာ အဘယ်ကြောင့်နည်း။
- ကွန်ဟိန်းမြို့နယ်တွင် CDMA, GSM လိုင်းများလည်း အစဉ်ပြတ်တောက်နေပြီး ကြည်လင်မှုမရှိသည်မှာ အဘယ်ကြောင့်နည်း။ အလှည့်ကျပေးနေသည်မှာ အဘယ်ကြောင့်နည်း။
- ကာလိမြို့နယ်ခွဲအတွင်းတွင် ဖုန်းလိုင်းများမမိခြင်း၊ ပြတ်တောက်ခြင်း၊ အသံကြည်လင်မှုမရှိခြင်း၊ အလှည့်ကျပေးခြင်း စသည့်တို့မှာ အဘယ်ကြောင့်နည်း။ ထို့ပြင် ကွန်ဟိန်း မြို့နယ်တွင် ကြိုးဖုန်းများ ကြာရှည်စွာ ပျက်စီးနေမှုကို မည်သို့ ကုစားပေးမည်နည်း။
ကွန်ဟိန်းမြို့ နယ်နှင့် ကာလိမြို့နယ်ခွဲနေ ပြည်သူများ စိတ်ချမ်းသာကြည်လင်စွာ လွယ်ကူစွာဖုန်းအသုံးပြုနိုင်ရေး အတွက် သက်ဆိုင်ရာမှ မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်နည်း တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။