(င)ရသေ့တောင်မြို့နယ်ဆေးရုံ၌လက်ထောက် ဆရာဝန်တစ်ဦးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-17
ရသေ့တောင်မြို့နယ်တွင် မြို့နယ်ဆရာဝန်တစ်ဦးအပြင် လက်ထောက်ဆရာဝန် ၂ ဦး ခန့်ထားပြီဖြစ်ကြောင်းကို သိရှိခဲ့ရပြီး ရသေ့တောင်မြို့နယ်ဆေးရုံ၏ ဖွဲ့စည်းပုံများအရ သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး ခန့်ထား ဖြည့်ဆည်းပေးရန် လိုအပ်နေပါကြောင်း၊ သွားဆရာဝန်မရှိသည့်အတွက် ဒေသခံပြည်သူများသည် စစ်တွေမြို့ပေါ်သို့ သွားရောက်၍ ကုသရာတွင် ရခိုင်ပြည်နယ်သည် မိုးများသောဒေသ ဖြစ်သောကြောင့် မိုးရာသီတွင် သွားလာရေး အခက်အခဲများ၊ သွားလာစရိတ် ကုန်ကျမှုများကြောင့် ပြည်သူများအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးကို ၂၀၀၈-၂၀၀၉ ခုနှစ်ထိ ခန့်ထားတာဝန်ပေးခဲ့ပြီး ၎င်းနှစ်နောက်ပိုင်းမှ ယခုချိန်ထိခန့်ထားခြင်း လုံးဝမရှိသေးသည့်အတွက် သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦး ခန့်ထားပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။